အပိုင်း၁၈

22.7K 1.4K 120
                                    

Uni

" အားးးး "

ကျယ်လောင်တဲ့အော်သံဟာအပေါ်ထပ်ကထွက်လာတာမို့မနက်စာစားနေတဲ့ဥပဓိမောင်ပင်ကော်ဖီသီးသွားလေသည်။ချက်ချင်းစားနေတာကိုရပ်ကာအပေါ်ထပ်ကိုပြေးတက်လာမိတာအမှန်။ဘာလို့ဆိုအော်သံကသူ့ယောကျာ်းအသံမို့လို့လေ...

အခန်းထဲရောက်တော့ကြမ်းပြင်ပေါ်ခွေခွေလေးဖြစ်နေတဲ့ခွန်းရောင်ခြည်က ဥပဓိမောင်ရဲ့အကျီအကြီးကြီးနဲ့ဖရိုဖရဲဖြစ်လို့။အကျီကကြီးလွန်းတာကြောင့်ပုခုံးပေါ်လျှောကျနေလေသည်ကားမနက်စောစောသမာဓိလာစမ်းသလို။

" မင်း...မင်း လူယုတ်မာ.."

" ကျုပ်ဘာလုပ်လို့တုန်း "

" ငါ့အကျီတွေ ပြီးတော့....အီးးးဟီးး "

ပြောရင်းခါးပေါ်ကစောင်ကိုလှန်ကာကြည့်မိတော့ခွန်းရောင်ခြည်ခါးမှာပုဆိုးမဟုတ်ဘဲပေါင်လောက်သာအတွင်းခံရှိတာကြောင့်လူကငိုပါငိုချင်လာလေသည်။

" မောင့်ခြည် အထင်လွဲနေပြီ မောင်ပြောပြမယ်။ "

" အီးးး ငါ့ဘဝတော့ဆုံးပါပြီ မထိနဲ့ငါ့ကိုမထိနဲ့ ခွေးသား..."

" မောင့်ခြည်..."

အောက်ကမနက်စာစားနေတဲ့လူတွေခင်မျာအပေါ်ထပ်ကအသံတွေကြောင့်အချင်းချင်းကြည့်ကာပြုံးစိစိဖြင့်သာ။ဒီအတွဲလဲမချစ်ကြသေးလို့ဘဲ ချစ်များချစ်ရင်အိမ်ကလူတွေအားလုံးတရားစခန်းသွားရလိမ့်မည်။

" ဟင့် ဟင့်...အလိုမတူဘဲသူများကိုမုဒိန်းကျင့်တယ် အီးး "

" ဘာမှာကျင့်လို့တုန်းခင်များ...ကျုပ်ရှင်းပြမယ် ခင်များဘဲ ညကကျုပ်နဲ့ချစ်နိုင်သောက်မဲ့အရက်ကိုသောက်ပြီးတော့ ပူတယ်ပူတယ်နဲ့ ကျုပ်ကိုဆွဲဖက်တာလေ...ကျင့်မဲ့ကျင့်ခင်များကသာကျုပ်ကျင့်မှာ..."

ဥပဓိမောင်အပြောကြောင့်ခွန်းရောင်ခြည်ငြိမ်ကျသွားကာတစ်ချက်တွေဝေမိသည်။

" အီးးးလျှောက်ပြောနေတာ..."

" ခင်များကသာလျှောက်တွေးနေတာ ပူတယ်ဆိုလို့ကျုပ်မှာအကျီလဲပေးထားရတာ ကျိန်ပါတယ်ဗျာ ကျုပ်ခင်များအပေါ်ဘာမှမကျူးလွန်ထားပါဘူး တစ်ခုဘဲ..."

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now