အပိုင်း၁၉

22.4K 1.4K 150
                                    

Uni

  ခွန်းရောင်ခြည်တစ်ယောက်ညကျပွဲသွားရမှာမို့ရေမိုးချိုးကာဝတ်စားရသည်။ပွဲဆိုတော့သပ်သပ်ရပ်ရပ်လည်ကတုံးနဲ့ပုဆိုးအညိုလေးကိုသာရွေးချယ်လို့ဝတ်ဆင်လိုက်သည်။ခေါင်းဖြီးနေတုန်းရေချိုးခန်းထဲကနေထွက်လာတဲ့ဥပဓိမောင်။ မှန်ထဲကနေမြင်ရတဲ့မြင်ကွင်းကြောင့်ခွန်းရောင်ခြည်လှည့်ကြည့်မိသည်။

အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားတဲ့ဥပဓိမောင်ကပိတ်ကားကြီးထဲကမင်းသားတွေအလား။အမဲရောင်ဘောင်းဘီအရှည်နဲ့အဖြူတီရှပ်အပေါ်ကအမဲရောင်ကုတ်အကျီဟာချောမောလှတဲ့ဥပဓိမောင်နဲ့သိပ်လိုက်ဖက်လေသည်။

" ငေးနေတာပြီးပြီလားမောင့်ခြည်..."

" ဟမ် မ..မငေးပါဘူး ဘယ်သူကငေးနေလို့လဲအရူးလား..."

" ဟက်!! ထားပါ...ရော့ နက်ခ်တိုင်ချည်ပေး..."

" ကိုယ့်ဘာသာချည်ပါရောလား..."

" အဆင်မပြေလို့ပေါ့ဗျာ ချည်ပေးစမ်းပါကွာဒါလေးလုပ်ခိုင်းတာကို..."

အတင်းပူဆာမှဆူပုတ်ပုတ်လေးနဲ့ဥပဓိမောင်လက်ထဲကနက်ခ်ကတိုင်ကိုဆွဲယူသွားလေသည်။အနားနားတိုးကပ်လို့နက်ခ်တိုင်အားခြေဖျားလေးထောက်လို့ဥပဓိမောင်လည်ပင်းမှာပတ်ပေးကာသေသေချာချာလေးချည်နှောင်လာပေးသည်။

" အင့် ဘယ်လိုဖြစ်နေသလဲဥပဓိမောင်..."

   နက်ခ်တိုင်ချည်ပေးနေတာကိုပြုံးစိစိနဲ့ခါးကိုလာဖက်တာကြောင့်လက်မောင်းအားခပ်ဖွဖွရိုက်ကာဆိုလိုက်တော့ခွန်းရောင်ခြည်အားကြည့်လာကာ။

" အနောက်တိုင်းအယူအဆအရ ယောကျာ်းသားတို့ရဲ့နက်ခ်တိုင်ကိုမိန်းမဖြစ်သူတွေကဘဲချည်နှောင်ပေးရတယ်တဲ့...အဟင်းးးအခုမောင့်မိန်းမလေးကယောကျာ်းကိုနက်ခ်တိုင်ချည်ပေးနေတာဘဲ ဟီးး "

" စမနေနဲ့....မင်းကဒီလိုဝတ်စုံနဲ့ငါကဗမာဝတ်စုံကြီး..အဆင်ပြေပါ့မလား။ "

" မပြေစရာအကြောင်းရှိလို့လား ယောကျာ်းကအနောက်တိုင်းဝတ်စုံဝတ်ရင်အိမ်သားကသူ့ရိုးရာအမိမြေဝတ်စုံကိုဝတ်တာသဘာဝဘဲလေ ဟုတ်တယ်မှတ်လား အစ် ..."

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now