အပိုင်း၁၄

22.4K 1.5K 174
                                    

Uni

မမာလာဒေါသထွက်ကာပြန်သွားကတည်းကနှစ်ယောက်သားအခန်းထဲမှာတိတ်ဆိတ်နေမိသည်။ခွန်းရောင်ခြည်ကဖာသိဖာသာနေကာသာစာရေးခုံမှာစာရေးနေပေမဲ့ကုတင်ပေါ်ထိုင်နေတဲ့ဥပဓိမောင်ကတော့မေးချင်စိတ်သိချင်စိတ်တွေကလိကလိဖြင့်သာ။

" ဘာထိုင်လုပ်နေသလဲ နားချိန်မှာအိပ်နေလေဥပဓိမောင် "

" ဘာလို့သူ့ကိုအမှန်အတိုင်းပြောလိုက်ရတာလဲ...ပြောတော့ကျုပ်တို့ကြားကဆက်ဆံရေးကိုလူသိမခံစေချင်ဘူးဆိုပြီးခင်များရယ်..."

ဥပဓိမောင်အပြောကြောင့်ခွန်းရောင်ခြည်ငြိမ်ကျသွားသည်။သူအဲ့တုန်းကတကယ်စိတ်ဆိုးမိသွားသည်။သူဥပဓိမောင်ကိုသဝန်တိုသည်။သူ့ယောကျာ်းကိုမိန်းကလေးတစ်ယောက်ကလာပိုးပန်းတာကိုသူမကြိုက်။သို့ပေမဲ့ရင်ထဲကခံစားချက်တွေကိုခွန်းရောင်ခြည်မြိုသိပ်မိသည်။

" အဲ့မိန်းကလေးကြောင့်မင်းစိတ်ရှုပ်နေတာမှတ်လား အနည်းဆုံးတော့ မင်းကိုသူဆက်မလိုက်တော့ဘူးပေါ့..."

" ကျစ်!! မောင့်ခြည်..."

ဥပဓိမောင်ခုံမှာထိုင်နေတဲ့လူအားလက်ကောက်ဝတ်ကနေဆွဲယူကာကုတင်ပေါ်ထိုင်စေလို့သူကတော့အရှေ့မှာခါးထောက်ကာမတ်တပ်ရပ်ထားရင်းချစ်ရသူမျက်လုံးတွေကိုလိုက်ကြည့်မိသည်။

" အဲ့မိန်းကလေးကိုပြောလိုက်ရတဲ့အကြောင်းအရင်းကကျုပ်စိတ်ရှုပ်မှာစိုးလို့ အဲ့တာဘဲလား မောင့်ကိုပြောစမ်းပါ..."

" ဟုတ်တယ် သူသိသွားတော့လဲမင်းစိတ်မရှုပ်ရတော့ဘူးလေ နစ်နာစရာရှိလို့လား..."

" ဘယ်တော့မှကျုပ်ကိုချစ်တယ်လို့ပြောမှာလဲမောင့်ခြည်ရယ်...ကျုပ်နာကျင်နေရတာကိုပျော်နေသလား..."

လူရှေ့ကိုဒူးထောက်ထိုင်လာကာပုခုံးနှစ်ဖက်ကိုဆွဲလှုပ်သူကြောင့်ခွန်းရောင်ခြည်ကိုယ်လေးကဒယိမ်းဒယိုင်။သူ သူ့ခံစားချက်သူသေချာမသိပါ။မသိသေးဘဲမင်းကိုချစ်တယ်ဆိုပြီးသူပြောရဲတဲ့အထိမဝံ့ရဲ။အဲ့လိုနှုတ်ဆိတ်​ခြင်းကတစ်ဖက်လူကိုနာကျင်ကောင်းနာကျင်စေလေမည်။

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now