အပိုင်း၂၈

19.3K 1.3K 119
                                    

Uni

  ဒီနေ့အိမ်မှာသာကူလုပ်စားရန်စီစဥ်ထားတာကြောင့်ခွန်းရောင်ခြည်နဲ့မကျော့မဒီနှစ်ယောက်သားစျေးထဲမှာလိုတာတွေဝယ်ရန်ထွက်လာလိုက်ကြသည်။

" ကစွန်းဥလေးများများထည့်ရမယ်ခွန်းရောင်ခြည်...အိမ်ကဟာတွေကအဲ့တာဘဲရွေးရွေးစားတာ ခေါင်းကြီးဥပဓိမောင်ကပိုဆိုး..."

  မကျော့မဒီရဲ့အပြောကိုမနေနိုင်စွာခွန်းရောင်ခြည်ရယ်မိသည်။တကယ်ဥပဓိမောင်ကသိပ်ကလေးဆန်တာ...

   ခွန်းရောင်ခြည်မကျော့မဒီနဲ့စျေးဝယ်နေရင်းနောက်ဘက်တစ်နေရာကနေသူ့အားလူတစ်​ယောက်ကစိုက်ကြည့်နေသလိုခံစားရတာကြောင့်ခနခနလှည့်ကြည့်မိသည်။သို့ပေမဲ့ဘယ်သူ့ကိုမှမတွေ့ ကြည့်ရတာစိတ်ထင်လို့သာဖြစ်မည်။

    နှစ်ယောက်သားစျေးလမ်းရဲ့လူကျပ်တဲ့နေရာထဲဝင်လာတာနဲ့သူ့နောက်ဘက်ကိုတစ်ယောက်ယောက်လိုက်လာသလိုခံစားနေရတာကြောင့်ခွန်းရောင်ခြည်မကျော့မဒီနဲ့အတူမသွားတော့ဘဲလမ်းလွှဲကာတစ်နေရာကိုခြေဦးလှည့်လိုက်ရသည်။

    လူရှင်းတဲ့နေရာမှာခွန်းရောင်ခြည်ခြေလှမ်းရပ်လိုက်တာနဲ့နောက်ဘက်ကထွက်လာတဲ့ရယ်သံတစ်ခု။ထိုရယ်သံကိုရင်းနှီးနေတာကြောင့်ခွန်းရောင်ခြည်လှည့်ကြည့်မိတော့။

" ဒေါ်ကြီး..."

" အဟွန်းးး သိပ်ကိုမှသာယာနေသည်ပေါ့ အဒေါ်ဖြစ်သူတစ်ယောက်လုံးခွေးဖြစ်နွားဖြစ်နေနေရတာကိုတောင်မင်းကတော့အေးချမ်းနေသည်ပေါ့..."

   အဒေါ်ဖြစ်သူစကားကိုခွန်းရောင်ခြည်နားမလည်နိုင်စွာမျက်မှောင်တွေစုကျုံ့မိသည်။

" ဘာကိုပြောနေတာလဲ..."

" မြို့အုပ်နဲ့ညားသွားတော့သိပ်တွေမှအာဏာတွေရှိနေသည်ပေါ့...မင်းကတော့အတည်ရည်ရွယ်နေတာ မြို့အုပ်ကတော့ မင်းကိုအပျော်ဘဲကြံသည်နေမယ်..."

" ဥပဓိမောင်ကကျွန်တော့်ကိုတကယ်ချစ်ပါတယ်ဒေါ်ကြီး..."

" အမလေး မြို့အုပ်ရဲ့နာမည်ကိုတောင်တပ်ခေါ်ရဲသည်ပေါ့...သူမင်းကိုအရုပ်တစ်ရုပ်လိုဘဲဆော့ကစားနေတာပါ...."

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now