အပိုင်း၂၂

20.7K 1.4K 112
                                    

Uni

   တစ်နေ့တစ်ခြားဆိုင်လေးကတစ်ဖြေးဖြေးပုံပေါ်လာအပြီးခွန်းရောင်ခြည်လိုချင်တဲ့အတိုင်းအပြာနုရောင်ဆိုင်လေးဟာနောက်ဆုံးတော့ပြီးမြောက်သွားလေပြီ။

  ဆိုင်လေးထဲမနက်ဖြန်ဖွင့်ရောင်းရန်ပန်းတွေကိုပုံးတွေနဲ့စနစ်တကျအလုပ်သမားတွေကချပေးသည်ကိုအလှမ်းတစ်နေရာကအရိပ်ရအပင်အောက်မှာခုံလေးနဲ့ထိုင်ကာခွန်းရောင်ခြည်ငေးကြည့်မိသည်။

" ခွန်းရောင်ခြည်!! "

" အယ်ပိုင်စေရာ...နေကောင်းသွားပြီလား..."

" အင်းသက်သာလို့မင်းဆီလာလည်တာလေ ဥပဓိမောင်ကမင်းပန်းရောင်းဖို့ဆိုင်လေးဆောက်ပေးတယ်ဆိုလို့လာလဲကြည့်ရင်းပေါ့..."

  ဘေးခုံလေးမှာဝင်ထိုင်လာသူသူငယ်ချင်းလေးအားကြည့်ကာခွန်းရောင်ခြည်ပြုံးရယ်မိသည်။သူ့သူငယ်ချင်းလေးနေပြန်ကောင်းလာမှမျက်နှာလေးကလန်းလို့ ဂျုတီကုတ်အဖြူလေးနဲ့ပိုင်စေရာကသိပ်လိုက်ဖက်တာ။

" ဆိုင်လေးကလှနေရောဘဲ မြို့အုပ်အိမ်သားကပန်းရောင်းပြီဆိုတော့အသည်းအသန်ဝယ်ကြမှာသေချာတယ်..."

" မင်းကတော့အမြှောက်လွန်​နေပြီ ကြောက်ပြီးဘယ်သူ့မှတောင်လာဝယ်ကြမှာမဟုတ်ဖူး..."

" သတိထားအုံး..."

" ဘာကိုလဲ..."

" မင်းကိုပန်းထင်ပြီးဝယ်သွားမှဥပဓိမောင်ရင်ကျိုးနေမှာဆိုးလို့..."

" ဖွီးးဟားဟားးး မင်းကတော့လေ တွေ့တာနဲ့စနောက်နေတော့ဘဲ ဟားဟားး "

  ပိုင်စေရာရဲ့စကားတွေကိုနားထောင်းရင်းပြုံးရယ်နေသူကိုကြည့်ကာပိုင်စေရာလဲထပ်တူအပျော်တွေကူးစက်ရလေသည်။အခုအချိန်မှာပျော်နေပြီး ထာဝရနှုတ်ဆက်သွားတဲ့အခါကျမျက်ရည်မကျပါနဲ့ခွန်းရောင်ခြည်။

" မင်းလဲဆရာဝန်ဖြစ်ရင်ကောင်းမှာဘဲလို့ငါတစ်ခါတစ်လေတွေးမိတယ်....ဂျုတီကုတ်အဖြူလေးနဲ့ဆိုမင်းကသိပ်လိုက်မှာ..."

" ကံတရားကမဖြစ်စေချင်မှတော့ငါဆရာဝန်မကလို့မြို့အုပ်ဖြစ်ချင်ရင်တောင်ဖြစ်မှာမဟုတ်ပါဘူး..."

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now