အပိုင်း၂၉

21.2K 1.3K 158
                                    

Uni

" ဟင့် ဟင့်..."

" သားလေးရယ်မငိုပါနဲ့တော့ ဥပဓိမောင်သက်သာမှာပါကွယ်..."

" ဟုတ်ပါတယ်ခွန်းရောင်ခြည်ရယ် မောင်လေးကမင်းငိုနေတာသိရင်ဝမ်းနည်းနေပါ့မယ်..."

  ဓားပြတွေကိုရဲဗိုလ်မြတ်ကျော်တို့ကဖမ်းဆီးသွားကာဥပဓိမောင်အားဆေးရုံအမှီပို့ပေးခဲ့ပေးမဲ့ခွန်းရောင်ခြည်စိတ်ပူလုံးကြီးကမကျသေး။အခုထိခွဲခန်းထဲကနေဘာဆိုဘာမှတောင်အသံမကြားရတာကြောင့်သူကမငိုဘဲနေနိုင်ပါ့မလား။

" ဥပဓိမောင်ဒီလိုဖြစ်ရတာကျွန်တော့်ကြောင့်ပါ...ကျွန်တော်မကောင်းလို့ပါ..."

" မဟုတ်တာဘဲကွယ်..."

   ဒေါ်လှတင့်တို့နှစ်သိမ့်လို့မရ ငိုနေတာမရပ်တာကြောင့်အမြန်ခွဲစိတ်နေတာပြီးရန်သာဆုတောင်းရလေသည်။မကြာ ခွဲခန်းထဲကနေဒေါက်တာထွက်လာလေသည်ကြောင့်အားလုံးကသည်းအသန်ထကာမေးခွန်းတွေမေးကြသည်။

" ဥပဓိမောင်အခြေအနေဘယ်လိုလဲရှင့်.."

" ​ကျည်ဆန်ကဝင်သွားတာအတော့်ကိုနက်ပါတယ်...အတွင်းထဲထိထိုးပြီးထုတ်ကတာမို့ကြာနေတာပါ..ကံကောင်းစွာနဲ့ဘဲလူနာကောင်းကောင်းမွန်မွန်နဲ့အသက်ရှင်ပါတယ်...ဝမ်းသာပါတယ်ခင်မျ..."

  ဒေါက်တာ့ဆီကအပြောကြားမှဘဲခွန်းရောင်ခြည်သက်ပြင်းလုံးကြီးချနိုင်တော့သည်။ဥပဓိမောင်အားခွဲခန်းထဲကနေထုတ်ကာရိုးရိုးအခန်းမှာပြောင်းထားမှသူတို့အားလုံးသွားကြည့်ကြရသည်။ကျောဘက်ထိသွားတာမို့ရင်ဘတ်တစ်ပြင်လုံးပတ်တီးအဖွေးသားနဲ့တွေ့ရတာကြောင့်ခွန်းရောင်ခြည်ကနောက်တစ််ခေါက်ထပ်ငိုသေးသည်။

   လွတ်လွတ်လပ်လပ်နှစ်ယောက်သားနေကြပါစေဆိုပြီးဒေါ်လှတင့်နဲ့ကျော့မဒီလွှတ်ထားပေးကာအခန်းထဲကနေအသာလေးထွက်လာလိုက်သည်။

" မနိုးသေးဘူးလား...မောင် ငါတကယ်တောင်းပန်ပါတယ်...ဟင့် မင်းရှင်းပြတာကိုနားမထောင်ဘဲကလန်ကဆန်လုပ်ခဲ့မိလို့ဒီလိုတွေဖြစ်ရတာပါ...ငါ့ကြောင့်ပါ..."

   ကုတင်ပေါ်မှေးစက်နေတဲ့ချစ်ရသူရဲ့လက်ကလေးအားဆုပ်ကိုင်ကာစကားတွေဆိုမိသည်။ဒီတစ်ယောက်တော့လုံးဝမဖြစ်..ဒီတစ်ယောက်သာသူ့ဘေးကထွက်သွားရင်သူပါသေလိမ့်မည်။

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now