အပိုင်း၁၂

23.9K 1.7K 158
                                    

Uni

  မြို့ထဲဓားပြတွေပုန်းခိုနေသည့် ကိစ္စကြောင့်ဥပဓိမောင်ခင်မျာလတ်တလောမအား။ထမင်းစားဖို့မပြောနဲ့အိပ်ဖို့တောင်အချိန်မရှိ။သူငယ်ချင်းဖြစ်သူရဲဗိုလ်မြတ်ကျော်ကလဲသူတို့မြို့ဆီလာကာဓားပြတွေကိုဖမ်းဆီးဖို့ကြိုးစားပေးလေသည်။

" အမကျွန်တော်အလုပ်သွားတော့မယ်..."

" အယ်...အစောကြီးအခုမှလေးနာရီဘဲရှိသေးတယ်လေမောင်လေးရဲ့..."

" အချိန်စွဲနေလို့မကောင်းဖူးလေအမရဲ့...ဒါဖြင့်အမမတ်လေးကိုတစ်ချက်ကြည့်ပေးပါအုံးအခုတလောမအားတာနဲ့သူ့ဂရုမစိုက်အားဖူးဖြစ်နေလို့..."

   မနက်စောစောဆိုကျော့မဒီကဆွမ်းကပ်ဖို့အစောကြီးထတတ်တာကြောင့်ဥပဓိမောင်ဘယ်အချိန်ရုံးသွားလဲကအစသိသည်။အခုလဲမသွားခင်သူ့ယောကျာ်းလေးကိုဂရုစိုက်ဖို့မှာသွားသည်ကားအလုပ်ကသာရှုပ်နေတာစိတ်ကသူ့ယောကျာ်းဆီမှာဆိုသည့်ပုံဖြင့်။

   အိမ်မှာအမေကလဲမရှိ။အသက်ရလာပြီဖြစ်တဲ့အမေကတရားစခန်းကိုတစ်ပတ်မဟုတ်တစ်လလောက်ဝင်တတ်လေသည်။အဲ့တော့ဆူဆုံးမမဲ့အဖွားမရှိတော့ဒီးဒီးနဲ့နီနီကဆိုးချင်တိုင်းဆိုးနေလေသည်။သို့ပေမဲ့သူတို့ဦးငယ်ကိုတော့တုန်နေအောင်ကြောက်ကြလေသည်။

   ၆နာရီလောက်ကျမှခွန်းရောင်ခြည်နိုးလာလေသည်။သူနိုးလာတော့အရင်နေ့တွေကလိုဘဲဘေးမှာတွေ့နေကျလူမရှိ။ဥပဓိမောင်အခုတလောဆေးလိပ်တွေအရမ်းသောက်လာတာကိုသူခန်းမှန်းမိသည်။အလုပ်တွေဖိလုပ်လို့ဘဲစိတ်ဖိစီးနေသလား သူစိတ်ပူမိပါသည်။

" မကျော့မဒီ ဥပဓိမောင်မနက်စာစားသွားရဲ့လား..."

" ထုံးစံအတိုင်းမစားသွားဖူးပေါ့ကွယ် ခွန်းရောင်ခြည်အားမယ်ဆိုမောင်လေးကိုနေ့လည်ကျထမင်းဂျိုင့်လေးသွားပေးပါ့လားတော့်..."

" အာ...ဟုတ်ကဲ့ကျွန်တော်သွားပို့ပေးပါ့မယ်။ "

" မောင်လေးကသူ့ယောကျာ်းလာပို့ပေးမယ်ဆိုထမင်းဂျိုင့်ပါဝါးစားမှာ ခ်ခ်..."

   မကျော့မဒီကဟင်းချက်ရင်းပြုံးရယ်ကာဆိုသည်ကြောင့်ခွန်းရောင်ခြည်ပါပြုံးရယ်မိသည်။ဒီနေ့စျေးမထွက်ချင်တာကြောင့်အိမ်မှာသာနားနေမိကာခြံထဲမှာကလေးတွေဆော့နေတာနဲ့သူပါဝင်ဆော့နေမိသည်။

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now