အပိုင်း၃၀ (ဇာတ်သိမ်းပိုင်း)

38.8K 1.4K 240
                                    

Uni

" ကိုယ်ကတစ်ခြားမြို့ကလာတာပါ...ကားစီးရင်းအိပ်ပျော်သွားတာနဲ့ကားဆရာကတွေ့တဲ့နေရာချခဲ့လို့လမ်းပျောက်နေတာ..."

    သူရသူ့ရှေ့ကကိုကိုနဲ့တူလှတဲ့လူရဲ့အပြောကိုအသာလေးသာနားထောင်မိသည်။ဒီလူကြည့်ရတာကိုကိုနဲ့တူပေမဲ့ကိုကိုကအနေအေးသည်။အော်လောကမှာလူတူမရှားနာမည်တူမရှားတဲ့ ကိုယ်ရှေ့ရောက်မှတကယ်ပင်ယုံတော့သည်။

" ခင်များနာမည်ဘယ်လိုခေါ်လဲ..."

" ဇေရာပိုင်ပါ...ကိုယ့်အသက်က၁၆ဘဲရှိပါသေးတယ်.."

" ဆယ့်...ဆယ့်ခြောက်လား..."

" အွန်း မန္တလေးဘက်မှာကျောင်းသွားတက်ဖို့တက်လာတာလေ..."

  သူရကြောင်သွားသည်။၁၆နှစ်လို့နားရှိ၍သာကြားရတာ။သူ့ရှေ့ကလူကသူရထပ်လူကောင်ကလဲကြီးအရပ်ကလဲတော်တော်ရှည်သည်။

" ဘာလို့ကားလမ်းဖြတ်ကူးတာလဲ ဟိုကားကမင်းကိုတိုက်မိသွားတော့မလို့ "

" အွန်း...ကူပေးတာကျေးဇူးပါ သွားစရာရှိလို့သွားတော့မယ်..."

" အယ် နေပါအုံး...ကိုယ့်ကိုတစ်ခုလောက်ကူညီပါလား ကိုယ်ဘယ်သွားရမှန်းမသိဘူး...ဖြစ်နိုင်ရင်ခနလောက်မင်းအိမ်မှာတည်းခွင့်ပြုပါလား...ပိုက်ဆံပေးပါ့မယ်..."

  သူရသက်ပြင်းချမိသည်။ကိုကိုနဲ့ရုပ်ချင်းကသာတူတာစိတ်နေစိတ်ထားအလွန်ကွဲပြားလွန်းသူဟာသိပ်ပေါ်လွင်သည်။

" မရဘူး..."

" နေ...နေအုံးလေ ဟေ့..."

  သူရလှည့်မကြည့်ဘဲထိုလူရှိတဲ့ကားဂိတ်လေးကနေအမြန်ထွက်လာလိုက်သည်။သူနှလုံးသားကိုထပ်ပြီးမနာကျင်စေချင်တော့ပါ...လူတစ်ယောက်ကြောင့်နာကျင်ဘူးပြီ ထပ်ပြီးအဲ့လူနဲ့တူတဲ့နောက်တစ်ယောက်အတွက်သူထပ်မနာကျင်စေချင်တော့။

   သူကိုကို့ရဲ့အုတ်ဂူလေးကနေပြန်လာသည်အထိထိုလူဟာထိုကားဂိတ်ကနေထွက်မသွားသေး။ကားဂိတ်ကခုံမှာထိုင်ကာစာတွေရေးနေသည်ကားသိပ်ကိုကိုနှင့်တူသည်။

   မျက်နှာပေါ်ကျလာသည့်မိုးရေစက်တစ်ချို့ကြောင့်သူရခေါင်းခါမိသည်။ကားဂိတ်ခုံတန်းလေးမှာထိုင်နေတဲ့လူရှေ့သွားလိုက်တော့ထိုလူဟာဟန်ပါပါပြုံးလာလေသည်ကားသူ့အားမကူညီဘဲမနေနိုင်ပါဘူးဆိုသည့်သဘောဖြင့်။

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now