အပိုင်း(၁)

1.1K 10 0
                                    

💕အကြင်နာဒိုင်ယာရီ💕

              အပိုင်း(၁)

"အခုချက်ချင်း ရပ်လိုက်"

ခပ်လှမ်းလှမ်းကနေ လက်ညှိုးငေါက်ငေါက်ထိုးကာ သွက်လက်သော ခြေလှမ်းများဖြင့် မျက်နှာကခပ်တင်းတင်းဖြင့် လျှောက်လာသော မိန်းကလေး...

"ကျူး.....ငါ့ကိုကယ်ပါဦး"

တင်းကြပ်စွာ ဆုပ်ကိုင်ခံနေရသည့် သူမလက်လေးတွေ နာကျင်လွန်းလို့ သူငယ်ချင်းမလေး ကျူးဆီ စစ်ကူလှမ်းခေါ်လိုက်သည်။

"ဟူး... လာရှုပ်ပြန်ပြီ..."

ခပ်သွက်သွက် ခြေလှမ်းကျဲကြီးတွေ ထိုအနားရောက်သော်...

အရှေ့ကျလာသော ဆံနွယ်အား လက်ဖြင့် သပ်ကာ ဒေါင်ကောင်းကောင်းနှင့် လူကြီးအနား ခါးထောက်၍....

"အခုချက်ချင်း နှောင်းရဲ့လက်ကို လွှတ်ပေးလိုက်"

"မင်းနဲ့ဘာဆိုင်လို့လဲ... နှောင်းရဲ့လက်ကိုကိုင်တာ မင်းလက် ကိုင်တာမဟုတ်ဘူး..."

ဘေးက နှောင်း သူမလက်ကလေး အတင်းရုန်းရင်း မျက်နှာလေး ညှိုးနွမ်းကာ ငိုတော့မည့်အလား....

"လွှတ်ပေးလိုက်လို့ ပြောနေတာ ဒါနဲ့‌ဆို နှစ်ခါရှိသွားပြီနော်..."

အမိန့်ဆန်ဆန် ပြောနေသည့် ကျူးအား ထိုလူ ခနဲ့ကာ ရယ်လိုက်သည်။

"လုံးဝ မလွှတ်ပေးနိုင်ဘူး"

ကောင်းကောင်းပြောလို့မရတော့လည်း ကျူးရင့်မေ အကြောင်း သိကြသေးတာပေါ့။

ဘေးနားတစ်ဝိုက်က အုတ်နီခဲနှင့် ထိုလူ့မျက်နှာအား ရွယ်ရုံရှိသေး သူမအနား ခြေလှမ်း လှမ်းဖို့ ပြင်နေချိန် မထင်မှတ်ပဲ အားပါ၍ ဦးခေါင်းသို့ ပစ်မိလိုက်သည်။

"ဒုန်း..."

"အား..."

အုတ်နီခဲ အရှိန်က များသွားတယ် ထင်ပါရဲ့... နှောင်းကိုကိုင်ထားတဲ့လက်က နာနေသည့် ဦးခေါင်းပေါ်သို့ ချက်ချင်း ရောက်သွားသည်။

ကျူးဘက်က တကယ်ထိလိုသည့် ဆန္ဒမရှိပဲ သွေးထွက်သန်ယို ဖြစ်သွားတော့ လန့်ကာ နှောင်းလက်အားကိုင်၍ ထိုနေရာမှ ပြေးလေ၏။
                •••••••

💕အကြင်နာဒိုင်ယာရီ💕Där berättelser lever. Upptäck nu