အပိုင်း(၁၀)

153 3 0
                                    

💕အကြင်နာဒိုင်ယာရီ💕

                   အပိုင်း(၁၀)

"နှောင်း....."

ကျူးက နှောင်းဘေးထိုင်ကာ ခေါ်လိုက်ပေမယ့် မျက်ဝန်းတွေက စာရွက်ဖြူဖြူပေါ်ကနေမရွေ့။

"နှောင်း... ငါ့ကိုစိတ်ဆိုးနေတာလား... ကျောင်းသွားဖို့ လာခေါ်တော့ နင်က သွားနှင့်ပြီတဲ့.... ဘာလို့ ငါနဲ့ မလိုက်တော့တာလဲ...."

"ဒီလိုပါပဲ.... ဘာမှမဖြစ်ပါဘူး...."

ကျူးက မေးခွန်းများများမေးသလောက် ဖြေလာသည်က ဤတစ်ခွန်းသာ။ နှောင်း ဘယ်တုန်းကမှ ဒီလိုစိမ်းစိမ်းကားကား မနေဖူးဘူးဆိုတာ သူမ အသိဆုံးပင်မဟုတ်လား...။

"နင်ဘာဖြစ်နေတာလဲ.... ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောလေ...."

တရဆက် ပြောလာသည့် ကျူးအား တစ်ချက်ကြည့်၍ သူမ ပေါင်ပေါ်မှ စာအုပ်အား ပိတ်ပစ်လျက်....

"ကောင်းပြီလေ.... နင်ကပြော ဆိုတော့လည်း ငါက ပြောရမှာပေါ့..."

နှောင်း၏ မျက်ဝန်းအား စေ့စေ့ကြည့်လျက် ထွက်လာမည့် စကားလုံးများအား စောင့်ဆိုင်းနေခဲ့သည်။

"ဟိုနေ့က နင် ဗိုက်အောင့်တာ တကယ်လား..."

ကျူး ချက်ချင်းပဲ နှောင်းရဲ့ မျက်ဝန်းနက်နက်တွေကို လွှဲဖယ်ကာ သက်ပြင်း ဖွဖွချလျက်....

"ဟို.... အဲ့ဒါ... ငါ..."

"နင်ဟန်ဆောင်ခဲ့တာမလား.... ငါသိပြီးပြီ..."

ကျူး လည်တိုင်လေးအား ပွတ်ကာ အသက်မပါသည့် အပြုံးက နေရာယူလျက်ပင်။

"ဟုတ်တယ် နှောင်း... ငါ နင့်ကို ညာမိတယ်..."

နှောင်း မတ်တပ်ထလျက် လက်ပိုက်ကာ စိတ်ထဲမပါသည့် အရယ်အပြုံးတို့ဖြင့် ကြိုဆိုနေသည်။

"ငါ့မှာတော့ နင်တကယ် ဖြစ်တယ်ထင်ပြီး အပြေးအလွှား လာလိုက်ရ၊ စိတ်ပူလိုက်ရတာ... နင့် အတွက်ပဲ ကြည့်ပေးပြီး အရာရာကို မေ့ထားခဲ့တာပါ..."

"ငါ တောင်းပန်ပါတယ်..."

ပထမဦးဆုံး ကျူးဆီက ထွက်လာသည့် တောင်းပန်စကား။ သူမပါ မတ်တပ်ရပ်လျက် နှောင်းကို ပြောပြဖို့ အဆင်သင့်။

💕အကြင်နာဒိုင်ယာရီ💕Where stories live. Discover now