အပိုင်း(၅)

201 8 0
                                    

💕အကြင်နာဒိုင်ယာရီ💕

                     အပိုင်း(၅)

စွမ်း ဒေါ်မြတ်မာလာနှင့် မျက်နှာချင်းဆိုင် ထမင်းစားနေရာမှ ဘေးမှ ဖုန်းလေး စခရင်လင်းလက်ကာ အသံမြည်လာတော့ ဖုန်းနံပါတ်လှမ်းကြည့်လိုက်မိသည်။ မြင်လိုက်ရတဲ့ နံပါတ်ကြောင့် ဇွန်းနှင့်ခပ်ရင်းအား အသာချရင်း မေမေ့အား တစ်ချက်ကြည့်လိုက်မိသည်။ မေမေလည်း စခရင်ပေါ်မှ နံပါတ်နှင့် မှတ်ထားသော contact အား တွေ့သွားတယ် ထင်ပါရဲ့။ တည်ငြိမ်အေးစက်သော မျက်ဝန်းတို့ဖြင့် တစ်ချက်ပင့်ကြည့်၍ ထမင်းသာ ဆက်စားနေသည်။

အရိပ်အကဲ ကြည့်ပြီး စွမ်း ဖုန်းလေးကိုင်ကာ ထမင်းစား စားပွဲမှ အသာထွက်လာခဲ့သည်။ အိမ်ရှေ့ရောက်မှ သက်ပြင်း ခပ်ဖွဖွချရင်း....

"ဟယ်လို....ဖေဖေ...."

"သား...စွမ်း နေ‌ကောင်းရဲ့လား..."

"ဟုတ်ကဲ့....ကောင်းပါတယ်...."

ရိုရိုသေ‌သေ ပြန်ဖြေလိုက်ပေမယ့် သားရဲ့အသံက ပြတ်သားပြီး သူစိမ်းဆန်နေမှန်း ဦးမင်းခေါင် ရိပ်မိသည်။

"သား.... ဖေဖေ့ကို စိတ်ဆိုးနေတုန်းလား...."

စွမ်း စိတ်ထဲမပါသော အပြုံးများဖြင့် တစ်ချက်ပြုံးမိရင်း.....

"စိတ်မဆိုးပါဘူး.... ဖေဖေသာ ကျန်းမာအောင်နေပါ".

"ဖေဖေ့ လုပ်ရက်တွေ အတွက် တောင်းပန်ပါတယ်"

ဖေဖေ နောင်တရလို့ တောင်းပန်ခြင်းမျိုး မဟုတ်တာ စွမ်း သဘောပေါက်ပါသည်။ ‌စွမ်းက ‌ဖေဖေ့အား အနည်းငယ် စိတ်ဆိုးမိသော်လည်း မေမေ့လောက် ပြတ်သားခြင်း မရှိခဲ့။

တစ်အိမ်တည်း အတူနေရစဉ်က ဖေဖေ့ အထီးကျန်ဆန်မှုတွေ.... မေမေ့ရဲ့ ပြစ်တင်ပြောဆိုမှုကိုသာ ခံခဲ့ရတဲ့ ဖေဖေ့ကို စွမ်း စာနာသည်။ မိဘနှစ်ပါး ရန်ဖြစ်စကားများတိုင်း ဖေဖေ့ဘက်ကပဲ ရပ်တည်ပေးခဲ့ခြင်းသာ....

သို့ပေမယ့် သားနဲ့ အသက်မကွာတဲ့ မိန်းကလေးတစ်ယောက်ကို လက်ထပ်ပြီး မေမေ့ကို သစ္စာဖောက်မယ်လို့ ထင်မထားခဲ့မိတာအမှန်။ တခြားမိန်းကလေးနဲ့ လက်ထပ်သွားတဲ့ ဖေဖေ့ကို စွမ်း စိတ်မနာပေမယ့် အရင်လို ဖေဖေ့အပေါ် နွေးထွေးမှုတွေတော့ မတွေ့ရတော့ပေ။

💕အကြင်နာဒိုင်ယာရီ💕Where stories live. Discover now