အပိုင်း(၆)

165 7 0
                                    

💕အကြင်နာဒိုင်ယာရီ💕

                  အပိုင်း(၆)

"ဟင်....မမတွယ်တာ..."

ကျူး မျက်လုံးအဝိုင်းသား‌နှင့် အံ့ဩနေရင်း တွယ်တာ့နာမည်အား ခပ်တိုးတိုးလေး ရေရွတ်မိသည်။ ဘေးကစွမ်းကိုတော့ တွေ့နေကျအတိုင်း တည်တည်ငြိမ်ငြိမ်ပင် တွေ့ရသည်။

"မမတွယ်တာ ဘယ်လိုလုပ် ရန်ကုန်ရောက်နေတာလဲ... စွမ်းနဲ့ရော... ဘယ်လိုပတ်သတ်တာပါလိမ့်...."

စွမ်းနှင့် တွယ်တာ၏ ပတ်သတ်မှုအား ခန့်မှန်းရန် ခဲယဉ်း၍ ခေါင်းလေးသာ ကုတ်နေမိသည်။

"ဟဲ့... ကျူး ဘာဖြစ်နေတာလဲ..."

လူ အနောက်လန်ကျမတတ် ခေါင်းစောင်း၍  ငေးကြည့်နေသော ကျူး၏ လက်ခုံလေးအား လမင်း အသာလေးရိုက်ကာ ပြောတော့မှ ဆက်ကနဲ ခေါင်းပြန်တည့်မတ်၍ ထိုင်လိုက်သည်။

"ဪ... ဘာမှမဖြစ်ပါဘူး... ဒီတိုင်းဟိုငေးဒီငေး..."

"မိကျူးတို့ကတော့ အခုမှ ပြန်ရောက်တဲ့ သူငယ်ချင်းကိုတောင် ပစ်ထားတယ်"

"အဲ့ဒီလို မဟုတ်ပါဘူးနော်...အဟဲ"

လမင်းအားကြည့်၍ ကျူး ပြောရင်း သွားလေးတွေပေါ်အောင် ရယ်ပြလိုက်သည်။ စိတ်ထဲမှာတော့ စွမ်းနှင့် တွယ်တာအား စပ်စုချင်စိတ်က မပျောက်သေး။

မမတွယ်တာကို သွားနှုတ်ဆက်လိုက်ရင် ကောင်းမလား... မဟုတ်သေးပါဘူး အဲ့ဒီလို နှုတ်ဆက်ရင်လည်း မကောင်းဘူး... တော်ပါပြီ ဒီအတိုင်းလေးပဲ တိတ်တိတ်နေတာ ကောင်းတယ်....

စိတ်ထဲမှ တီးတိုးရေရွတ်ရင်း လာချပေးသည့် အစားအသောက်များအား အားပါတရ စားလိုက်၊ လမင်းအား စကားပြောလိုက်၊ စွမ်းတို့အား မသိမသာ ခိုးခိုးကြည့်လိုက်နှင့် အလုပ်ရှုပ်နေသည်။

ခဏအကြာ စွမ်းနှင့် တွယ်တာ ထသွားတော့ ကျူးပါ လိုက်ထမိသည်။

"ကျူး.... ဘယ်သွားမလို့လဲ...."

"သွားစရာလေး ပေါ်လာလို့... နောက်မှတွေ့မယ်နော် လမင်း..."

"ဒါတွေ ကုန်အောင် မစားတော့ဘူးလား"

"ဟင့်အင်း.... မစားတော့ဘူး"

💕အကြင်နာဒိုင်ယာရီ💕Where stories live. Discover now