အပိုင်း(၁၇)

210 3 0
                                    

💕အကြင်နာဒိုင်ယာရီ💕

                     အပိုင်း(၁၇)

ခြံဝန်းထဲမှ မြေလွတ်နေရာလေး၌ ကျူး အပင်လေးတွေ စိုက်ဖို့ ကြိုးစားနေခဲ့သည်။ စိုက်ပျိုးရေးနှင့် ပတ်သတ်သည့် စာအုပ်လေးတွေဖတ်ကာ ကိုယ်တိုင်ခြံထဲဆင်း၍ မတောက်တခေါက်လေး စိုက်ကြည့်သည်။

သဘာဝရှုခင်းတွေ၊ လှမ်းမြင်နေရတဲ့ တောင်တန်းလေးတွေနှင့် သိပ်မကျယ်လှတဲ့ ခြံဝန်းလေးမှာ အေးအေးချမ်းချမ်း ဖြတ်သန်းရပေမယ့် တစ်ခါတရံ နာကျင်မှုတို့ကို ပြန်တွေးမိပြီး တစ်စုံတစ်ယောက်ကိုလည်း သတိရမိပါသေးသည်။

"မမ...."

အနောက်မှ ခေါ်သံကြောင့် ကျူး တွေးလတ်စအတွေးတွေ လွှင့်ပြယ်သွားကာ လှည့်ကြည့်လာခဲ့သည်။

"ယွန်းလေးပါလား...."

ကလေးမလေးကိုမြင်တော့ ထိုင်ရာမှထကာ မြေကြီးပေနေတဲ့ လက်နှစ်ဖက်ကို ပွတ်သတ်၍ ခါထုတ်လိုက်သည်။ အရုပ်လေးပိုက်ကာ မျက်ရည်လေးတွေ စိုနေသော ယွန်းလေးက ကျူးကို မော့ကြည့်နေသည်။

"ဘာဖြစ်လို့လဲ ယွန်းလေး..."

"အဟင့်.... ဖေဖေနဲ့မေမေ ရန်ဖြစ်နေတာ သမီးကြောက်တယ် မမ..."

ကျူး ဘေးကရေပုံးထဲမှ ခွက်လေးနှင့် လက်ကို ကမန်းကတန်း ကောက်ဆေးလိုက်၍ ယွန်းလေး၏ ပုခုံးနှစ်ဖက်ကို ဖက်ထားလိုက်သည်။

"မကြောက်နဲ့နော်... မမ ရှိတယ်... ဖေဖေနဲ့မေမေက ခဏနေ ပြန်တည့်သွားမှာ ယွန်းလေးရဲ့..."

"ဖေဖေက သမီးကို မချစ်ဘူး... အဟင့်... ဟင့်.... မေမေ့ကိုလည်း ရိုက်တယ်... သမီးမေမေ့ကို သိပ်သနားတာပဲ...."

"‌ယွန်းလေးရယ်...."

အရွယ်နှင့်မမျှအောင် ခံစားတတ်လွန်းတဲ့ ယွန်းလေးစကားတွေက ကျူးကို ရင်နင့်စေခဲ့၍ သူမ ခေါင်းလေးကို ဖွဖွလေးပုတ်ရင်း သက်ပြင်းခပ်သဲ့သဲ့သာ ချမိလိုက်သည်။

"လာ... မမတို့ အိမ်ထဲသွားရအောင်နော်... အထဲမှာ မမနဲ့ ယွန်းလေးနဲ့ ကစားကြမယ်လေနော်..."

"ဟုတ်..."

ယွန်းလေး အာရုံပြောင်းသွားအောင် ပြောလိုက်တော့ ခေါင်းလေးပြန်ညိမ့်ပြလာခဲ့သည်။ ကျူး သူမ၏ လက်သေးသေးကို ကိုင်ကာ အိမ်ထဲသို့သာ ခေါ်သွားခဲ့သည်။
               -------------- ------------

💕အကြင်နာဒိုင်ယာရီ💕Where stories live. Discover now