အပိုင်း(၇)

170 5 0
                                    

💕အကြင်နာဒိုင်ယာရီ💕

                အပိုင်း(၇)

ကျူး ဝရံတာတွင် ဖုန်းတစ်လုံးကိုင်ပြီး ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိတာ ဘယ်နှစ်ခါမှန်းမသိ။ ညနေက ဖေဖေနှင့်မေမေပြောသည့် မမတွယ်တာအကြောင်းအား အကြိမ်ကြိမ် အဖြေထုတ်နေမိသည်။ စွမ်းနှင့် ယှဉ်တွဲ၍ တွေ့ခဲ့သော ကိုယ့်မျက်လုံးကိုပင် ယခုထိ မယုံနိုင်။

မမတွယ်တာ ‌တောင်ကြီးမှာ နေတာ၊ စွမ်းကလည်း တောင်ကြီးက ပြောင်းလာတဲ့သူ.... မမတွယ်တာ စွမ်းဆီ လာတာများလား... သေချာနေပါပြီ မမတွယ်တာ ဘာတွေလျှောက်လုပ်နေတာလဲ...

သက်ပြင်းခပ်သဲ့သဲ့လေးချ၍ စိတ်ထဲမနှစ်မြို့ခြင်းတို့က နေရာယူလာကာ တံခါးကို ဆောင့်ပိတ်၍ အတွေးတွေကို ထိုနေရာတွင် ခေတ္တထားခဲ့သည်။
            ---------- ---------

"အားနာစရာကြီး နှောင်းရယ်.... နေ့တိုင်း တစ်မျိုးပြီး တစ်မျိုးလုပ်ကျွေးနေတာ... ကျွန်တော် မစားရက်တော့ဘူး...."

နှောင်းပေးသော မုန့်ဘူးလေးအား တယုတယကိုင်ကာ အားနာသည့် မျက်ဝန်းတွေပြည့်နေသည့်စွမ်း....

"အားနာစရာမလိုပါဘူး... နှောင်းက ချက်ပြုတ်ရတာတွေ၊ မုန့်လုပ်ရတာတွေ ဝါသနာပါတယ်လေ... ဒါက နှောင်းအတွက် အပန်းမကြီးပါဘူး...."

"အဟမ်း...."

တမင်ချောင်းဟန့်သံ ပေးလိုက်သည့် စိုးပိုင်က ဘေးလွယ်အိတ်ကိုင်ကာ ပြုံးစိစိနှင့် နှောင်းအား ကြည့်လိုက်သည်။

"နှောင်းတို့က မျက်နှာလိုက်တယ်နော်... စွမ်းတစ်ယောက်ထဲ အတွက်ပဲ လုပ်လာတယ်..."

ရှက်သွေးဖြာကာ ပန်းနုရောင်သန်းနေသော  နှောင်းမျက်နှာလေး ဝင်းကနဲ ပေါ်ထွက်လာပုံက ချစ်စရာ....

"ဟို... ကိုစိုးပိုင်ကလည်း... ကိုစိုးပိုင်က အတန်းမှ မမှန်တာ... တော်ကြာ နှောင်းရဲ့မုန့်လေးတွေ အလကား ဖြစ်ကုန်ရင် ဘယ်လိုလုပ်မလဲ..."

"အမယ်.... အလျှောက်ကောင်းနေတာ.... စေတနာတွေက တစ်ယောက်သောသူအတွက်ပဲဟုတ်ပါလေစွ"

"ကိုစိုးပိုင်နော်...."

နဂိုက ပန်းနုရောင် မျက်နှာလေးက ပို၍ပင် ဝင်းပသွားကာ ခေါင်းလေးငုံ့လျက် လက်နှစ်ဖက်ကိုသာ ကျစ်ကျစ်ဆုပ်ကိုင်ထားမိသည်။ စွမ်းက ပြုံးကာ စိုးပိုင်ပုခုံးအား ခပ်ဖွဖွလေး တွန်း၍...

💕အကြင်နာဒိုင်ယာရီ💕Where stories live. Discover now