အပိုင်း(၁၄)

163 2 0
                                    

💕အကြင်နာဒိုင်ယာရီ💕

                 အပိုင်း(၁၄)

"ဖြန်း...."

ပူထူသွားသည့် ပါးပြင်ကို ကျူး သူမလက်ဖဝါးလေးနှင့် အသာထိရင်း ဘာမျှ နားမလည်သည့် မျက်ဝန်းတွေဖြင့် နှောင်းအား ကြည့်လိုက်မိရင်း...

နှောင်းလည်း သူမကိုယ်တိုင် ရိုက်မိလိုက်သည့် လက်ဖဝါးကိုဖြန့်ကာ မယုံနိုင်ခြင်းတို့ဖြင့် ပြန်ကြည့်မိသည်။ သို့ပေမယ့်လည်း ဒေါသတွေ ပြေပျောက်သွားခြင်း မရှိသေးသည့်နှောင်းက ခက်ထန်သောအကြည့်တွေဖြင့် စေ့စေ့ကြည့်ကာ...

"နင် ငါ့အပေါ်ကောင်းတယ်လို့ ငါထင်ထားတာ... တကယ်တမ်း နင်က လိမ်ညာခဲ့တာပဲ.... ပြီးတော့ နင်ကိုယ်တိုင် မပတ်သတ်ဖို့ ပြောပြီး နင်ကျတော့ဟာ...."

နှောင်းဆက်မပြောပဲ သူမလက်ထဲမှ ဓာတ်ပုံလေး ဆတ်ခနဲ လှမ်းပေးလိုက်တော့ ကျူးက အသာယူရင်း ကြည့်လိုက်မိသည်။ ထိုပုံက Bar သွားတုန်းကပုံ ဆိုတာ သိပေမယ့် ကျူးကို တွဲထားသည့် အဖြစ်အပျက်တွေကိုတော့ သူမကိုယ်တိုင် ဘာမျှမသိခဲ့တာ အမှန်။

"ဒီထဲကပုံက ရိုးရိုးသားသားပါပဲနှောင်း..."

သူမ စကားအား နှောင်းဟက်ခနဲ ရယ်လိုက်မိသည်။

"ရိုးရိုးသားသား ဟုတ်လား.... ထားပါတော့... ဒါနဲ့ စွမ်းကို မမတွယ်တာနဲ့ စွပ်စွဲတာကရော..."

ကျူး မျက်ဝန်းလေးတွေ ငေးငိုင်သွားရရင်း ပြောရမည့် စကားလုံးတွေအတွက် အားယူနေခဲ့သည်။

စွမ်းကိစ္စကိုပဲ ရှင်းပြဖို့ အပြုံးလေးဖြင့် အပြေးအလွှား လာခဲ့ရပေမယ့် ဒီရောက်တော့ အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှသည်။ ရှင်းပြချိန်တောင် မရလိုက်ပဲ အထင်လွှဲမှုတွေနဲ့သာ ကြုံခဲ့ရတဲ့ရတဲ့ ကျူးက သူမကိုယ် သူမ ယူကြုံးမရ....

ဘာကြောင့်လဲ.... ဘာကြောင့် ကျူးမှ ဒီလိုဖြစ်ရတာလဲ....

သူမ၏ မျက်ဝန်းလေးတွေ အသက်မပါစွာ ငေးငိုင်နေရာမှ အသိပြန်ဝင်လာကာ နှောင်းအား ကြည့်လိုက်သည်။

"စွပ်စွဲသလို၊ ညာသလို ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်... အဲ့ဒီအရာတွေက ငါ နင့်ကို မနာကျင်စေချင်တဲ့ ဆန္ဒနဲ့ လုပ်ခဲ့မိတာပါ... နင်ငါ့ကို မုန်းချင်လည်း မုန်းပါ... ငါ့စေတနာက နင့်အတွက် အဆိပ်အတောက် ဖြစ်စေခဲ့တာ သိတော့ ငါတကယ် စိတ်မကောင်းပါဘူး... ဘာပဲဖြစ်ဖြစ် နင်ကငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းပါပဲ"

💕အကြင်နာဒိုင်ယာရီ💕Where stories live. Discover now