အပိုင်း(၁၉)

245 3 0
                                    

💕အကြင်နာဒိုင်ယာရီ💕

                အပိုင်း(၁၉)

နောက်ကျောပေးကာ ပန်းရေလောင်းနေသော အမျိုး‌သမီးလေးအား တစ်စုံတစ်ယောက်များလားဟု ထင်မှတ်၍ စိတ်လှုပ်ရှားစွာ ကြည့်နေဆဲမှာ သူ့ပုခုံးပေါ်သို့ အာကာဟိန်း၏ လက်တစ်ဖက် ကျရောက်လာခဲ့သည်။

"စွမ်း... မနက်စာစားရအောင်.... ပြင်ထားပြီးပြီ"

"ဪ... အင်း..."

အာကာဟိန်းကို လှည့်၍ ပြောပြီး ထိုခြံဝန်းလေးသို့ ပြန်ကြည့်စဉ်မှာပဲ စောစောက အမျိုးသမီးလေးကို မတွေ့ရတော့ပေ။ စွမ်း ပင့်သက်ရှိုက်၍ 'အထင်မှားတာပဲ ဖြစ်မှာပါ' ဟူသော ခေါင်းစဉ်တပ်၍ မိမိကိုယ့်ကိုယ် ဖြေသိမ့်ရင်း အာကာဟိန်းနှင့် နံနက်စာ စားပွဲဝိုင်းလေးဆီသို့ ရောက်လာခဲ့သည်။

"များများစားနော် စွမ်း... ငါ့မရီးရဲ့လက်ရာ..."

စွမ်းခေါင်းညိမ့်ပြ၍ ပါးစပ်ထဲသို့ ခေါက်ဆွဲကို တစ်လုတ် ထည့်လိုက်သည်။

"စားလို့ကောင်းရဲ့လား မောင်လေး.... ဘာလိုသေးလဲ"

မယုက စိုးရိမ်စွာ မေးလာတော့ စွမ်းပြန်ပြုံးပြကာ...

"မလိုတော့ပါဘူး... စားလို့ကောင်းပါတယ်‌ဗျ"

"မောင်လေး ဘာကြိုက်တတ်မှန်းမသိတော့ အစ်မ တတ်သလောက်လေးတွေပဲ လုပ်ထားပေးရတာ..."

"ဒါတွေနဲ့တင် အဆင်ပြေနေပါပြီ... အစ်မကိုလည်း တကယ်ကျေးဇူးတင်ပါတယ်"

မယု ပြုံးကာ ယွန်းလေး၏ လက်ကိုကိုင်၍ အနောက်ဖေးသို့ ထွက်သွားလေသည်။ စွမ်းနှင့် မျက်နှာချင်းဆိုင်ရှိ အာကာဟိန်းက ပလုတ်ပလောင်း စားရင်း စွမ်းအား မေးခွန်းထုတ်လာသည်။

"ဆိုစမ်းပါဦး ခရီးထွက်လာရတဲ့ အကြောင်းအရင်း..."

"အမှန်အတိုင်းပြောရရင် ငါ့နှလုံးသားလေး ပျောက်လို့ လိုက်ရှာနေတာ..."

"အဟွတ်...."

စွမ်းစကားအဆုံး အာကာဟိန်း စားနေတာနင်၍ ရင်ဘတ်ကို လက်နှင့်ဖိကာ အားယူ၍ မြိုချလိုက်သည်။

"မင်းကလည်းကွာ ကဗျာဆန်နေပြန်ပြီ..."

"ငါ့နှလုံးသားလေးကို ရှာတွေ့ခဲ့ရင်တောင် ငါနဲ့တစ်ပါတည်း ခေါ်ဆောင်သွားခွင့် မရှိပါဘူးကွာ..."

💕အကြင်နာဒိုင်ယာရီ💕Where stories live. Discover now