အပိုင်း(၁၅)

185 5 0
                                    

💕အကြင်နာဒိုင်ယာရီ💕

                  အပိုင်း(၁၅)

"နှောင်း....."

ကျူး သူမ နာမည်လေးအား ဆေးရုံရောက်တဲ့အထိ တုန်လှုပ်စွာ ရေရွတ်မိနေဆဲ...

တစ်ယောက်ထဲ တံခါးအပြင်ဘက်တွင် ထိုင်စောင့်ရင်း နှောင်း ဘာမှမဖြစ်ပါစေနဲ့ဟုသာ ‌ဆုတောင်းနေရသည်။ ခဏအကြာ နှောင်း၏ ဒေါ်လေး အပြေးအလွှား ရောက်လာတော့ ကျူး မတ်တပ်လေး ထရပ်လိုက်သည်။

"တူမလေး... ငါ့ တူမလေး... ဘယ်သူ့ကားနဲ့ တိုက်မိတာလဲ"

"တိုက်တဲ့ကားက ချက်ချင်းကို ထွက်ပြေးသွားတာ ဒေါ်လေး..."

"ငါ့တူမလေး ဘာများ ဖြစ်သွားလဲ မသိဘူး... အဲ့ဒါ ညည်းကြောင့် ကျူးရင့်မေ"

"ရှင်...."

ဒေါ်လေး ရင်တမမ,နှင့် စိတ်ပူနေရာမှ ကျူးဆီသို့ ဒေါသများ ပုံကျသွားကာ လက်ညှိုးငေါက်ငေါက်ထိုး၍ အပြစ်တင်နေပုံကြောင့် သူမ ခေါင်းလေး ငုံ့သွားရသည်။

"ကားက ငါ့တူမလေးကိုမှ ကွက်ပြီး တိုက်သွားရတယ်လို့.... ဒီလိုတွေဖြစ်အောင် ညည်းလုပ်တာ..."

"မဟုတ်ပါဘူး ဒေါ်လေးရယ်... စိတ်အေးအေးထားပါ"

"နှောင်းတစ်ယောက်လုံး ဒီလိုဖြစ်တာ... ငါ စိတ်အေးအေးထားရမယ်ပေါ့... ငါ့တူမလေးကို ညည်းနဲ့ မထည့်ပေးရင် အခုလို ဖြစ်မှာမဟုတ်ဘူး"

"ကျူး တောင်းပန်ပါတယ်..."

မျက်ရည်လေး ဝေ့ဝဲတက်လာကာ ရိုကျိုးစွာ တောင်းပန်သော်လည်း ဒေါ်လေး၏ဒေါသက လျော့သွားခြင်းမရှိခဲ့။ ဒေါ်လေးရောက်ပြီး မိနစ်အနည်းငယ်အကြာ စွမ်းနှင့် ဒေါ်မြတ်မာလာ ရောက်လာခဲ့သည်။ စွမ်းတို့ရောက်လာတော့ ဒေါ်လေးက အားကိုးသည့် မျက်ဝန်းတွေဖြင့် ကြည့်လိုက်မိသည်။

"နှောင်း အခြေအနေ ဘယ်လိုလဲ ဒေါ်လေး"

"ဘာမှမသိရသေးပါဘူး သားရယ်... နှောင်း တစ်ခုခုဖြစ်မှာ ဒေါ်လေး ‌မလိုလားဘူး...."

"အရမ်းလည်း မစိုးရိမ်ပါနဲ့ ဒေါ်လေးရဲ့.... နှောင်း အခြေအနေကောင်းလောက်မှာပါ"

စွမ်းက ဖြောင့်ဖြပေးတော့ မေမေက ထောက်ခံသလို ဒေါ်လေး၏ လက်မောင်းအား ထိကာ....

💕အကြင်နာဒိုင်ယာရီ💕जहाँ कहानियाँ रहती हैं। अभी खोजें