အပိုင်း(၉)

144 5 0
                                    

💕အကြင်နာဒိုင်ယာရီ💕

                     အပိုင်း(၉)

အချိန်ကား ညနေ လေးနာရီခွဲတော့မည်။ စွမ်းအိမ်မှာ လုပ်မယ့် ပါတီပွဲသွားဖို့ အချိန် နီးကပ်လာ‌တော့ လေတဖြူးဖြူး တိုက်နေသော ပြတင်းပေါက်ဆီသို့ လျှောက်ကာ နှောင်းဆီသို့ ဖုန်းဆက်ရန် ပြင်လိုက်၏။

တစ်ဖက်က ဖုန်းကိုင်တော့ ကျူး လေသံအား လူမမာတစ်ယောက်ပမာ အတတ်နိုင်ဆုံး ပျော့ထားရင်း....

"ဟယ်လို... နှောင်း...."

"................."

"ငါလေ.... ဗိုက်အရမ်းအောင့်နေလို့... ငါ့ဆီခဏ လာနေပေးပါလားဟင်... ဖေဖေနဲ့ မေမေက ဒီည မိုးချုပ်မှာ... အဲ့ဒါ ငါဘာလုပ်ရမှန်းမသိလို့ လာခဲ့ပေးပါလား...."

"..........."

"အင်း.... အင်း ငါစောင့်နေမယ်နော်..."

ဖုန်းချပြီး၍ တည်ငြိမ်အေးစက်သော မျက်ဝန်းအစုံတို့ဖြင့် ပြုံးလိုက်မိသည်။ နှောင်းလာတော့မည်ဆိုတာ သိတော့ အိပ်ရာထဲ အလျင်အမြန်သွားကာ စောင်ထဲ၌ လူမမာအတိုင်း ပျော့ပျော့လေး နေနေလိုက်ပါသည်။

ခဏအကြာ အခန်းတံခါး ဖွင့်သံနှင့်အတူ နှောင်း ရောက်လာ၏။ ရောက်ရောက်ချင်း ကျူး၏ လက်နွေးနွေးလေးများကိုင်ကာ....

"ဘယ်လိုဖြစ်တာလဲ ကျူး... သက်သာရဲ့လား...."

"အခုထိတော့ နာနေတုန်းပဲ... အစားမှားလို့ထင်တယ်"

"ဒါဆို ဆေးခန်းသွားရအောင်လေ...."

ကျူး လက်ကလေးမြှောက်၍ ကာပြလိုက်သည်။

"ဟင့်အင်း.... ဆေးခန်း မသွားချင်ဘူး..."

"ဆေးခန်းသွားမှ သက်သာမှာပေါ့ ကျူးရဲ့... မဟုတ်ရင် ဒီထက်ပို ခံစားနေရလိမ့်မယ်"

"လောလောဆယ်.... မဟာဖြေဆေးပဲ သောက်ထားကြည့်လိုက်မယ်လေ.... ဟို... အဲ့ဒါ မသက်သာတော့မှ ဆေးခန်းသွားကြတာပေါ့"

"အင်းပါ.... ဒါဆိုလည်း ‌ဆေးပဲသောက်တာပေါ့... ငါတိုက်မယ်နော်.... ဆေးဘယ်မှာလဲ"

"ဟို ခုံပေါ်မှာ..."

ကျူး ညွှန်ပြရာနေရာသို့ ဆေးသွားယူရင်း ရေလေးပါ ခပ်လာပေးသည်။ နှောင်းကို ကြည့်ရတာတော့ ကျူး ဗိုက်အောင့်တာ တကယ်ယုံသည့်ပုံမို့ ကျူး တိတ်တိတ်လေး ပြုံးလိုက်သည်။

💕အကြင်နာဒိုင်ယာရီ💕Where stories live. Discover now