Chapter 1

5.1K 612 80
                                    

အခန်း၁

ငါပြောနေတာကို မင်းယုံမှာမဟုတ်ပေမဲ့ ငါက ဂေးဘားမှာအလုပ်လုပ်နေတဲ့ အဖြောင့်လေးတစ်ယောက်ပဲ
တကယ်ဖြောင့်တယ် ငြင်းနိုင်ဖွယ်မရှိ လုံးဝဉသုံဖြောင့်တယ် ယောကျာ်းတွေနဲ့ နတ်ဘုရားတွေ အကြိုက်တွေ့ချင်စရာမရှိတဲ့အမျိုးအစားပဲ

အခု တစ်ယောက်ယောက်က သိရင်သိချင်နေလိမ့်မယ် “အဖြောင့်တစ်ယောက်အနေနဲ့ ဂေးဘားမှာအလုပ်လုပ်လာလုပ်နေရအောင်ကို မင်းစိတ်လွတ်နေတာလား”

စိတ်လွတ်နေတာမျိုးမဟုတ်ရပါဘူး သောက်ရမ်းမွဲတေနေရုံလေးပါ
အရမ်းကိုသာမာန်ဆန်လွန်းတဲ့ငွေကြေးအခြေအနေနဲ့မိသားစုနောက်ခံနဲ့၊ သနားစရာကောလိပ်ကျောင်းသားလေးဆိုတော့ ငါ့မှာ တခြားနည်းမရှိဘဲ အလုပ်ရောကျောင်းစာကိုတစ်ပြိုင်တည်းလုပ်နေရပြီး ဂိမ်း special skinsဝယ်ဖို့ လိုနေတဲ့ ကုန်ကျစရိတ်ရှာဖို့ထက် ကျူရှင်ကြေးပေးနိုင်ဖို့လုပ်နေရတယ်
(သူပြောချင်တာက သူများတွေလို ဂိမ်းအတွက်ပိုက်ဆံသုံးဖို့အလုပ်လုပ်ကြတဲ့အချိန်မှာ သူကတော့ ကျူရှင်ကြေးအတွက်ရှာနေရတယ်တဲ့)

အချိန်ပိုင်းစာသင်ပေးတုန်းက တစ်ပတ်ကို သုံးကြိမ်သင်ပေးရတယ် အာ့ကြောင့် ညဘက်လုပ်ရတဲ့အလုပ်က မြန်မြန်နဲ့ပိုပိုက်ဆံရတယ်ဆိုတာ သဘောပေါက်သွားတယ် ဒါပေမဲ့ ကျောင်းနားက အဆင်ပြေတဲ့ဘားအများစုက လူပြည့်နေပြီ

နေရာအနှံ့ အချည်းနှီး လျှောက်ရှာနေရင်း အသစ်ဖွင့်ထားတဲ့ဒီဂေးဘားဆီရောက်သွားပြီး အဖျော်ဆရာနေရာလွတ်နေတာကိုတွေ့သွားတယ်

ဒီလို ဖျော်ပေးရတာကို ထရိန်နီဆင်းပြီးသွားတည်းက စိတ်ဝင်စားခဲ့တာ အခုတရားဝင်အလုပ်ရခဲ့ပြီ ငါကောင်းကောင်းလုပ်နေပြီး လစာလဲကောင်းကောင်းရတယ် ဒီမှာအလုပ်လုပ်ရတဲ့တစ်နှစ်က ဒီလိုပဲပြီးသွားတာပဲ အဲ့တစ်နှစ်မှာ ခေါင်းမာပြီး ဘာမသိညာမသိ ကြောက်လို့တုန်နေတဲ့ အဖြောင့်ကောင်လေးကနေ မီလီယံလောက်ရှိတဲ့ဂေးတွေကြားထဲမှာ မကွေးသွားဘဲ ထောင်ထောင်မတ်မတ်ကြီးရှိနေတဲ့ စတီးသံတိုင်ကြီး အောင်အောင်မြင်မြင်ပဲ ဖြစ်သွားတယ်လေ

ငါက ဂေးဘားမှာအလုပ်လုပ်နေတဲ့ အဖြောင့်လေးတစ်ယောက် (Unicode) [COMPLETE] Where stories live. Discover now