Chapter 12

2.3K 329 4
                                    

အခန်း၁၂

“နှောင့်-နှောင့်ယှက်မိတာတောင်းပန်ပါတယ်နော်”

ငါတို့သုံးယောက်လုံး အစဉ်လိုက်စီအကြည့်တွေဆက်သွားတယ် ကောင်မလေးက ငါတို့ကို ရှက်ရှက်နဲ့ကို့ရို့ကားယားအပြုံးကြီးပြုံးပြပြီး နောက်ကိုခြေနှစ်လှမ်းဆုတ်ကာထွက်ပြေးတော့တယ်

ဒါပေမဲ့ နည်းနည်းလောက်ပြေးပြီးမှ ဘရိတ်အုပ်လိုက်တယ် ပြီးတော့ ခြေလှမ်းစိပ်စိပ်နဲ့ ကြမ်းပြင်မှာကျနေတဲ့ သောက်စရာခွက်ကိုကောက်ပြီး ပြောတယ် “နည်းနည်းလောက် သန့်ရှင်းရေးလေးလုပ်ပါရစေနော် ရှင်တို့ဆက်လုပ်ပါ ကျွန်မမရှိသလိုသ‌​ဘောထားလိုက်နော်”

ငါတို့ကဘယ်လိုလုပ်နိုင်မှာလဲ ကန်းနေတာမှမဟုတ်ဘဲ
အခုလက်ရှိအခြေအနေကို  စာတစ်ကြောင်းတည်းနဲ့သုံးသပ်ပြလို့တောင်မရနိုင်ဘူး သူ့ကိုဘေးကိုတွန်းထုတ်ပြီး သူ့မျက်နှာကိုဖုံးချင်တဲ့စိတ်တွေပေါက်လာပြီးတော့ ငါပြတင်းပေါက်ကနေထွက်ပြေးဖို့ကြံလိုက်တယ်
ငါသာလုပ်လိုက်ရင် ရှင်းပြဖို့ပိုခက်ခဲသွားလိမ့်မယ်မဟုတ်လား

ခန္ဓာကိုယ်သာတကယ်ဖြောင့်တယ်ဆို အရိပ်ကောက်မှာပူစရာမလိုဘူး ခန္ဓာကိုယ်သာတကယ်ဖြောင့်တယ်ဆို အရိပ်ကောက်မှာပူစရာမလိုဘူး ခန္ဓာကိုယ်သာတကယ်ဖြောင့်တယ်ဆို အရိပ်ကောက်မှာပူစရာမလိုဘူး……

ငါ့နှလုံးသားထဲ သုံးခါတိတိရွတ်ဆိုပြီး အသက်ပြင်းပြင်းရှူသွင်းကာ သူမဆီကိုလျှောက်သွားလိုက်တယ်
ကောင်မလေးက မြေကြီးပေါ်ဆောင့်ကြောင့်ထိုင်ပြီး မှောက်သွားတဲ့ပဲနို့ကိုရှင်းနေတယ် ဒီလိုစကားပြောဖို့ဆိုတာ မကောင်းဘဲ လွဲနေတယ်ဆိုပေမဲ့ သူမကို အရင်ကူညီဖို့ တစ်ရှူးတွေကိုယူလိုက်တယ်

ကြမ်းပြင်မှာ အရည်တွေကတော်တော်များတယ် တစ်ရှူးထဲစိုရွှဲသွားပြီး ငါ့လက်တွေပါစီးကပ်ကုန်တာကြောင့် အသေအချာကိုရမ်းပြီး ဘောင်းဘီနဲ့သုတ်လိုက်တယ် ကြည့်ပြီးစကားပြောချင်တဲ့အချိန်မှာ

“မိန်းကလေး, တကယ်တော့ မင်းအထင်..”

ငါ့စကားတဝက်ပဲရောက်သေးတဲ့အချိန်မှာ ငါ့လက်ကိုတစ်ယောက်ယောက်ကဆွဲကိုင်လာတယ်

ငါက ဂေးဘားမှာအလုပ်လုပ်နေတဲ့ အဖြောင့်လေးတစ်ယောက် (Unicode) [COMPLETE] Where stories live. Discover now