Extra two

1.7K 294 4
                                    

အချပ်ပို ၂ - ရှန်တျဲ အပိုင်း၂

ဒါပေမဲ့ ကြိုက်တယ်ဆိုတာ အတိအကျပြောရရင် ဘာလဲ?

သူ့ကိုငေးကြည့်တာကို မရပ်နိုင်တာမျိုးကနေ သူကို ထိတွေ့ချင်လာတာမျိုး, သူ့ကို ပိုင်ဆိုင်ချင်တဲ့ခံစားချက်ကို ထိန်းမထားနိုင်တော့လာတာမျိုးပဲ
အဝေးကနေ ငေးကြည့်နေရာကနေ နီးစပ်ချင်လာတာမျိုး ။

စာသင်ကြားရေးမှာပဲ အာရုံ၈၀% ထားတဲ့ ပုံသေဂုဏ်ထူးဆောင်ကျောင်းသားတစ်ယောက်အနေနဲ့ ရှန်တျဲက အထက်တန်းပထမနှစ်မှာ တစ်ယောက်ယောက်အတွက် သူထိန်းနိုင်တဲ့အကန့်အသတ်ကိုကျော်လွန်တဲ့ခံစားချက်တွေဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး

ဒီတစ်ယောက်ယောက်ကလဲ ကောင်လေးတစ်ယောက်ဖြစ်နေသေးတယ်

ဒါမျိုး တခြား၁၆နှစ်သားမှာသာဖြစ်ခဲ့ရင်  ထိတ်လန့်တကြားတုံ့ပြန်တာတွေထက်တောင် ပိုဖြစ်နိုင်တယ် ဒါပေမဲ့ ကံကောင်းစွာနဲ့ ရှန်တျဲက အမြဲ ရင့်ကျက်ပြီး တည်ငြိမ်တယ်
သူ့ပင်ကိုစရိုက်ကြောင့် အသေးစိတ်ကျတဲ့အစီအစဉ် မချမှတ်ခင် သူကအရင် အခြေအနေကို သေချာတွေးတယ်

သူအဲ့ကောင်လေးကို ကြိုက်တာသေချာအတည်ပြုပြီဆိုတော့ သူ့ကိုလိုက်သင့်လား မလိုက်သင့်လားဆုံးဖြတ်ရတော့မယ် ပြီးတော့ သူ့ကိုဘယ်လိုလိုက်သင့်လဲ?

ဒါပေမဲ့ အားလုံး စီစဉ်လို့မပြီးသေးခင်မှာ တခြားပြသနာကရှိနေတယ် သူကြိုက်တဲ့လူက ကောင်လေးတစ်ယောက်

ပြီးတော့ ပြောရရင် မိန်းကလေးတွေကိုပဲ ကြိုက်နေသေးတဲ့ကောင်လေးတစ်ယောက်

သူ့ရဲ့တိတ်ဆိတ်ပြီး သိပ်မသိသာတဲ့ရှာဖွေမှုအရဆို ရှကျီက ကောင်မလေးလှလှတစ်ယောက်ကိုတွေ့ရင် သူက နဂိုထက် စကားနည်းသွားတယ် နဂိုထက်ကို သူ့ပါးချိုင့်ကို ပိုနက်အောင် သိတောင်မသိလိုက်ဘဲ လုပ်ပြလိမ့်မယ်

၁၆နှစ်အရွယ်ရှန်တျဲကအရာအားလုံးမှာ ယုံကြည်မှုရှိရှိနဲ့ကြီးပြင်းလာခဲ့တယ် ဒါပေမဲ့ ဒီအချိန်မှာတော့ ပထမဆုံးအနေနဲ့ သူက သူ့ရည်ရွယ်ချက်အတွက် မသေချာနေခဲ့ဘူး

ငါက ဂေးဘားမှာအလုပ်လုပ်နေတဲ့ အဖြောင့်လေးတစ်ယောက် (Unicode) [COMPLETE] Where stories live. Discover now