Extra three

1.7K 297 6
                                    

အချပ်ပို ၃ - ရှန်တျဲ အပိုင်း၃

ရှန်တျဲ ရှကျီကို ကျောမှာသယ်ပြီး ကျောင်းဆေးခန်းဆီလျှောက်လာခဲ့တယ်

ကျောင်းသားသမဂ္ဂကကျောင်းသားတစ်ချို့က ဆေးခန်းသန့်ရှင်းရေးအတွက် တာဝန်ယူပေးရပြီး အလှည့်ကျ တာဝန်ယူရတယ် တစ်ယောက်ယောက်လက်ထဲကနေ ပျောက်သွားမှာကို တားမြစ်တဲ့အနေနဲ့ နံရံနဲ့တံခါးချပ်ကြားမှာ သော့ချိတ်လေ့ရှိတယ် ရှန်တျဲက ယူလိုက်ပြီး လွယ်လွယ်ကူကူပဲ တံခါးဖွင့်လိုက်တယ်

အဆင့်၂ အလယ်အလတ်ကျောင်းရဲ့ဆေးခန်းက ကောင်းကောင်း ပြင်ဆင်ထားတယ် လိုက်ကာနောက်မှာ အိပ်ယာသေးနှစ်ခုရှိပြီး ရှကျီကို ပြတင်းပေါက်နဲ့နီးတဲ့အိပ်ယာမှာချလိုက်တယ်

မီးတွေပိတ်သွားပြီးနောက်ကျောင်းက လျှပ်စစ်မီးကို တစ်ကျောင်းလုံးပိတ်ချလိုက်တယ် အဲ့တော့ ဆေးခန်းလဲ မှောင်မည်းနေတာပဲ အိပ်ယာပေါ်လဲနေတဲ့လူကိုတောင် ပြတင်းပေါက်ကဝင်လာတဲ့လရောင်ကြောင့်သာမြင်ရတယ်

ရှကျီက ပက်လက်ကလေးအိပ်ပျော်နေယ် အိပ်တဲ့နေရာပြောင်းသွားတာကြောင့်ဖြစ်မယ် သူက မျက်မှောင်ရှုံ့ပြီး နိုးသွားတော့မလိုဖြစ်နေတယ် အိပ်ယာကျဉ်းကျဉ်းလေးကို လူးလိမ့်နေပြီး အစွန်ကနေပြုတ်ကျတော့မယ်
ရှန်တျဲက ရှေ့တိုးပြီး သူ့ကိုထိန်းထားလိုက်ရတယ် ရှကျီကို အိပ်ယာအလယ်ကိုပြန်တိုးပေးပြီး သူကမကျေမနပ်နဲ့တောင် ပြောဆိုနေသေးတယ် လက်ကို လေထဲဝေ့ယမ်းနေပြီး ရှန်တျဲလက်ကောက်ဝတ်ကိုတောင် ပြန်ဆွဲထားလိုက်သေးတယ်

ရှကျီက သူ့လက်ကိုဆွဲမြှောက်ပြီး သူ့ရင်ဘတ်ကို(ရှန်တျဲ)ကိုကပ်ပြီး ခေါင်းမှီထားလိုက်တယ် ပြီး‌ေတာ့ နှစ်ချက်လောက် ဝင်တိုက်လိုက်တယ်

ဒုတ်,ဒုတ်

နှလုံးခုန်သံထက်တောင်ကျယ်သေးတယ်

ရှန်တျဲ ဒီအတိုင်းကြီးရပ်နေပြီး သူ့ရင်ခွင်ထဲက ခေါင်းပွပွလေးကို ငုံ့ကြည့်နေမိတယ် သူမနေနိုင်တော့ဘဲ ခေါင်းလေးကိုပုတ်ပြီး နည်းနည်းလောက် ပွတ်သပ်လိုက်တယ်

သူ့လက်က ခေါင်းပေါ်ကနေဆင်းလာပြီး သူ့လည်ပင်းဆီမှာရပ်သွားပြီး ထပ်မလှုပ်တော့ပဲ လည်ဂုတ်လေးကိုပဲပွတ်သပ်နေလိုက်တယ်

ငါက ဂေးဘားမှာအလုပ်လုပ်နေတဲ့ အဖြောင့်လေးတစ်ယောက် (Unicode) [COMPLETE] Where stories live. Discover now