Chapter 17

1.9K 323 8
                                    

အခန်း၁၇

ရှန်တျဲရောက်လာပြီး ငါ့ရှေ့မှာရပ်နေတယ်

အဲ့ခနမှာ အကျိုးသင့်အကြောင်းသင့်စဉ်းစားဖို့ အရမ်းမူးနေပြီး သူဘာလို့ဒီရောက်နေတာလဲသိချင်ရမဲ့အစား ငါသူ့မျက်နှာကိုပဲအကြာကြီးစိုက်ကြည့်နေတယ်

သူ့ကိုကြည့်ရတာစိတ်တိုနေသလိုပဲ မျက်မှောင်တွေကို အရမ်းကြုတ်ထားလိုက်တာမှ, သူငါ့ကိုကြည့်နေတဲ့အကြည့်က ကြောက်စရာကောင်းနေတယ်

ဒါပေမဲ့ အရမ်းချောနေတုန်းပဲ
အကြောင်းတစ်ခုခုကြောင့် ငါ့ရင်ဘတ်တင်းကြပ်လာပြီး ငါ့မျက်လုံးတွေပူလာတယ် ငါတကယ်စိတ်ပျက်ရပြီး ဒေါသထွက်ရတယ် မတ်တပ်ရပ်ပြီးသူ့ကိုဆွဲထိုးချင်ပြီး သူ့ကိုပြေးလဲဖက်ချင်တယ်

ငါမဆုံးဖြတ်နိုင်ခင်မှာ ငါ့ကိုယ်က သူ့ဘာသာသူလှုပ်ရှားပြီး ထိုင်ခုံပေါ်ကနေဆင်းလိုက်တယ် ဒါပေမဲ့ ငါ့ခြေထောက်တွေက အားမရှိဘဲ သူ့ရင်ဘတ်နဲ့ဝင်တိုက်မိသွားတယ်
ငါ့နှဖူးအရမ်းနာသွားတာကြောင့် ငါညည်းညူလိုက်တယ် သူကမှ ရုတ်တရက်အားပြင်းပြင်းနဲ့ဝင်တိုက်ခံလိုက်ရတာကြောင့် ပိုနာမှာဆိုပေမဲ့ သူက  ခြေတစ်လှမ်းနောက်ဆုတ်လိုက်ရင်း ငါ့ကိုထိန်းထားလိုက်တယ်

ငါမတ်မတ်မရပ်နိုင်တော့ဘူးဆိုတာ သဘောပေါက်သွားတာကြောင့် လက်လျှော့ပြီး သူ့ လက်မောင်းတွေထဲလှဲလိုက်ပြီး ငါ့ခေါင်းကို သူ့နဲ့ပွတ်သပ်လိုက်ပြီးထပ်မလှုပ်တော့ဘူး
သူကသူ့နောက်လက်တစ်ဖက်နဲ့ငါ့မေးစေ့ကိုမော့ပြီးမေးတယ် “ဘာတွေဖြစ်နေတာလဲ ဘယ်နှခွက်တောင်သောက်လိုက်လဲ”

ငါပါးစပ်ပိတ်ပြီး စကားပြောဖို့ ငြင်းဆန်ထားတယ်

သူက စိတ်ဆိုးနေတဲ့လေသံနဲ့သူ့အသံကိုတိုးပြီး “ရှကျီ,သေချင်ယောင်မဆောင်နေနဲ့…..”

ဒီလူ သူ့ကတိအတိုင်းလဲမပေါ်လာဘူး အာ့ကို အခုကြမ်းကြမ်းတမ်းတမ်းလာပြောရဲသေးတယ်ပေါ့လေ?

ဘယ်လောက်စိတ်တိုချင်စရာလဲ ငါ့လက်သီးကိုဆုပ်လိုက်ပြီး သူ့ပုခုံးကို အားနဲ့ထိုးချလိုက်တယ်

“ဘာလို့ငါ့ကိုမစောင့်တာလဲ”

သူကငါပြောတာကိုသဘောပေါက်တဲ့ပုံမပေါ်ဘူး “ဘာပြောတာ”

ငါက ဂေးဘားမှာအလုပ်လုပ်နေတဲ့ အဖြောင့်လေးတစ်ယောက် (Unicode) [COMPLETE] Where stories live. Discover now