Extra Four

1.6K 266 10
                                    

အချပ်ပို ၄- ကတိပေးထားတဲ့အတိုင်း

ရှကျီအိပ်မက်မက်ခဲ့တယ်

အိပ်မက်ထဲမှာ သူက အထက်တန်းပထမနှစ်ပဲရှိသေးပြီး သူ့ရဲ့ပုန်ကန်တတ်ပြီး အရူးထတဲ့အသက်အရွယ်အချိန်မှာရှိနေတုန်းပဲ

အလယ်အလတ် အဆင့် ၂ကျောင်းကို တက်ရတာက  အားလုံးအဆင်ပြေမယ်ထင်ခဲ့တာကြောင့် ပျော်ပါးတတ်တဲ့သူငယ်ချင်းတွေနဲ့ပေါင်းခဲ့တယ် စားလိုက်သောက်လိုက်နဲ့ နေ့တိုင်းကအရမ်းပျော်ဖို့ကောင်းခဲ့တယ် နံရံကျော်တက်ပြီးအတန်းတွေပြေးခဲ့တာက သူ့အတွက်နေ့စဉ်အလေ့အကျင့်ပဲ

ရာသီဥတုအရမ်းအေးလာတဲ့ ဆောင်းညတစ်ညက သူခါတိုင်းလိုပဲ ညနေစာလုပ်ချိန်ကိုပြေးပြီး အင်တာနက်ဆိုင်ကိုခိုးသွားပြီး သူငယ်ချင်းတွေနဲ့ အွန်လိုင်းဂိမ်းတွေဆော့ခဲ့တယ် ပွဲစဉ်နည်းနည်းလောက်ဆော့ပြီးတော့ သူတို့က အသားကင်စားဖို့သွားပြီး ဘီယာတွေလဲမှာကြတယ် သူငယ်ချင်းတစ်ယောက်က ညတစ်ဝက်လောက်မှရောက်လာပြီး သူ့အဖေဆီကခိုးလာတဲ့ ဝိုင်ဖြူတစ်ပုလင်းကိုထုတ်လိုက်တယ် အယ်ကိုဟောရာခိုင်နှုန်းကအရမ်းမြင့်တယ်

ဝိုင်ခွက်တစ်ထောင်လောက်သောက်ပြီးတာတောင်  ကိုယ့်ကိုကိုယ်မမူးဘူးပြောတတ်တဲ့ အရက်သမားတစ်ယောက်အနေနဲ့ ရှကျီက ပါးပါးလေးပါဆိုပြီးနှာမှုတ်လိုက်တယ် ပြီးတော့ မတ်တပ်ရပ်ပြီး ဘယ်သူ့ဟာမှန်းမသိတဲ့ခွက်လက်ကျန်ကို မော့ချလိုက်တယ်

ပြီးတော့ သူလဲကျသွားတယ်
သူကျောင်းကိုဘယ်လိုပြန်ရောက်လာလဲမမှတ်မိတော့ဘူး သူ့ခြံစည်းရိုးနားရောက်လာတာကိုတော့သိတယ်

ရှကျီ ညလေအေးကိုတံတိုင်းနဲ့ကွယ်ထားလိုက်ပြီး သူ့အသိစိတ်နဲ့အားအင်တွေက အအေးဒဏ်ကြောင့်နည်းနည်းပြန်ရသလိုခံစားရတယ် အဲ့ဒါကြောင့် သူဖြေးဖြေးချင်းထလိုက်တယ်

သူတံတိုင်းပေါ် ရေလို့မရနိုင်လောက်အောင်ကျော်တက်ခဲ့ဖူးတာကြောင့် သူမျက်စိမှိတ်ပြီးတော့တောင်လုပ်နိုင်တယ်

သူတံတိုင်းပေါ်ကနေပြုတ်ကျသွားတာတောင် သူကြိုးစားပြီးတက်နေတုန်းပဲ

ငါက ဂေးဘားမှာအလုပ်လုပ်နေတဲ့ အဖြောင့်လေးတစ်ယောက် (Unicode) [COMPLETE] Where stories live. Discover now