Extra Seven

1.6K 265 5
                                    

အချပ်ပို၇- Mini episode on coming out part 1

နွေရာသီအားလပ်ရက်မပြီးဆုံးခင် လဝက်လောက်ကျန်သေးတဲ့အချိန်မှာ ရှန်တျဲတစ်ယောက် ရှကျီဆီက ဖုန်းရခဲ့တယ်

ည၉နာရီရှိပြီဆိုပေမဲ့ သူအလုပ်မဆင်းရသေးဘူး ပရောဂျက်စတင်မဲ့ရီပို့စ်ကို နားထောင်နေရတယ် စီမြို့ကိုပြနခါပြီးတဲ့နောက်, သူ့အဖေ သူ့ကို ကုမ္ပဏီကိစ္စတွေ စီမံဖို့ဆွဲခေါ်သွားတာကြောင့် သူဘယ်နှရက်မှမနားလိုက်ရဘူး

သူက မနက်ကနေညထိ နားချိန်လေးတောင်မရှိဘဲ အလုပ်များနေခဲ့တယ် တစ်ခြားမြို့မှာရှိနေတဲ့သူ့ရည်းစားလေးဆီ ဖုန်းဆက်ရတဲ့တစ်ခုတည်းသောအချိန်က အိပ်ရာမဝင်ခင်အချိန်ပဲဆက်ရတယ် အိပ်ရေးမဝတာကြောင့် နေမကောင်းဖြစ်လုနီးပဲ
အစည်းအဝေးခန်းစားပွဲပေါ်က သူဖုန်းက နှစ်ချက်တုန်သွားတယ် သူ့လက်ထောက်က သူ့အတွက်ကိုင်ပေးဖို့သွားလိုက်တယ် ရှန်တျဲ ခေါ်သူကိုမကြည့်ရသေးခင်ပဲ သူ့လက်ထောက်က ကြားဖြတ်ဝင်ယူလိုက်တယ် “ကျွန်တော့်ကိုပေးပါ”

သူ့လက်ထောက်က ဖုန်းချလိုက်ပြီးသွားပြီ သူ့လှည့်ပြီး ရှန်တျဲမျက်နှာကိုမြင်လိုက်တဲ့အချိန်မှာ သူပြောစရာစကားမရှိတော့ဘူး

ရှန်တျဲက သူ့ကိုတစ်ချက်လောက်စိုက်ကြည့်လိုက်ပြီး တင်ပြနေတဲ့လူကို ဆက်ပြောဖို့ လက်ဟန်ပြလိုက်တယ် သူကဖုန်းကိုယူပြီး ပြန်ခေါ်လိုက်တယ်

သူ့ရဲ့အလုပ်တွေကိုလုပ်ဖို့စီစဉ်ထားပေမဲ့ ရှကျီအသံလေးထွက်လာတဲ့အချိန်မှာ သူ့အာရုံတွေက သူ့ဆီကိုပဲ လုံးဝရောက်သွားတော့တယ် ရှကျီက သူ့ကို တက်တက်ကြွကြွ အသံကျယ်ကျယ်လေးနဲ့ အရင်အော်ခေါ်လာပြီး သူ့နေ့စဉ်ဘဝရဲ့သေးသေးလေးကအစ အားလုံးကို အာပေါင်အာရင်းသန်သန်နဲ့ စပြောတော့တယ် သူအလုပ်များနေလား,သူဘယ်မှာလဲ,အိပ်တော့မှာလား,တွေကိုလဲမေးတယ်

ရှန်တျဲက အစည်းအဝေးစားပွဲအဆုံးမှာထိုင်နေပြီး မျက်နှာသေနဲ့ပဲ မေးထောက်ထားတယ် နောက်ဆုံးမှာတော့ ရှကျီက ခနလောက်ရပ်သွားပြီး နူးနူးညံ့ညံ့လေးနဲ့မေးတယ် “ငါ့ကိုလွမ်းလား”

ငါက ဂေးဘားမှာအလုပ်လုပ်နေတဲ့ အဖြောင့်လေးတစ်ယောက် (Unicode) [COMPLETE] Where stories live. Discover now