Extra Six

1.4K 264 3
                                    

အချပ်ပို ၆

ရှန်တျဲ ရှကျီအိမ်မှာ တစ်ပတ်လောက်နေခဲ့ပြီးတော့ နောက်ဆုံးတော့ ရှကျီမိဘတွေခရီးကနေပြန်မရောက်ခင်တစ်ရက်အလိုမှာ လေယာဉ်နဲ့ပြန်ခဲ့တယ်

ရှကျီသူ့ကိုလေဆိပ်လိုက်ပို့ခဲ့ပြီး တစ်လမ်းလုံး ပျော်ပျော်ရွှင်ရွှင်ပုံလုပ်နေပေမဲ့ သူတို့နှစ်ယောက်ကားထဲကထွက်ပြီး ဟောထဲကိုလမ်းလျှောက်ဝင်တဲ့အချိန်မှာ သူ့မျက်နှာက စူပုတ်လာပြီး စကားလုံးဝမပြောတော့ဘူး
သူဝမ်းနည်းလာပြီးမခွဲချင်တော့ဘူး ဒါပေမဲ့ သူထုတ်ပြောဖို့အရမ်းရှက်နေတယ်

ရှန်တျဲအိမ်က Cမြို့မှာရှိပြီး သူပြည်ပမှာနောက်ဆုံးနှစ်စာလေ့လာပြီးသွားတော့ သူနောက်ဘာလုပ်ရမလဲအလျင်မလိုခဲ့ဘူး အဲ့အစားသူက နိုင်ငံကိုပြန်လာခဲ့တယ် အစကတော့ သူAတက္ကသိုလ်က ပွဲကို တက်ပြီးတာနဲ့ အိမ်ကိုတန်းပြန်ရမှာဆိုပေမဲ့ ရှကျီနောက်လိုက်ရင်းနည်းနည်းလောက်နောက်ကျသွားတယ် အဲ့လိုဆိုတော့ သူသာနောက်ထပ်ထပ်နေချင်ရင် သူအိမ်ကိုပြန်ပြောရတော့မယ်

မသွားခင် မိနစ်၄၀လောက်တော့ကျန်သေးပြီးတော့ ရှန်တျဲက ဘာအိတ်ကိုမှမစစ်တော့ဘဲ နှစ်ယောက်သား လေဆိပ်မှာတူတူလျှောက်ပတ်နေရင်း ရင်းနှီးနေတဲ့ရေခဲမုန့်ဆိုင်ရှေ့ကိုဖြတ်မိကြတယ်

ရှန်တျဲက ပြုံးပြီး ရှကျီလက်လေးကို ညှစ်ကာ “အဲ့ဒါစားချင်လား"

ရှကျီတောင်ပြန်မဖြေရသေးခင်ပဲ သူကဆိုင်ထဲကိုဆွဲခေါ်သွားတယ်

အရောင်သွေးစုံလှတဲ့မီနူးကို ခနလောက်ဖတ်ပြီး သူ့အိတ်ကပ်ထဲကိုစစ်ကြည့်ပြီး မဝံ့မရဲလေးပြောလိုက်တယ် “ငါကတ်မယူခဲ့ရဘူး”

“ရပါတယ်,ဘာစားချင်လဲ”
ရှကျီခေါင်းလေးစောင်းပြီး ခနလောက်စဉ်းစားလိုက်တယ် “ဟင်အင်း စားချင်စိတ်မရှိဘူး ငါမင်းကိုဝယ်ကျွေးမယ်လေ?”

ရှန်တျဲသူ့ကိုကြည့်ပြီးခေါင်းငြိမ့်ပြတယ် “အိုကေ,ဒိန်ချဉ်အရသာတစ်ခွက်”

ရှကျီစိတ်အခြေအနေမကောင်းနေဘူး အဲ့ဒါကြောင့် အချိုစားချင်စိတ်နည်းနည်းလေးတောင်မရှိနေဘူး ဒါပေမဲ့ ရေခဲမုန့်လေးက ဗန်နီလာအမှုန့်လေးနဲ့ချောကလက်ပဲလေးတွေနဲ့လှလှပပလေးရောက်လာတော့ သူတည့်တည့်ပဲစိုက်ကြည့်ပြီး တံတွေးတွေမြိုချမိတယ်

ငါက ဂေးဘားမှာအလုပ်လုပ်နေတဲ့ အဖြောင့်လေးတစ်ယောက် (Unicode) [COMPLETE] Where stories live. Discover now