Chapter 20 Finale

2.4K 343 16
                                    

အခန်း၂၀

အရွယ်ရောက်ပြီးသားယောကျ်ားနှစ်ယောက် လမ်းပေါ်မှာ ထိ​တွေ့နေကြတာက သိပ်တော့မကောင်းဘူး အသိတစ်ယောက်ယောက်များဖြတ်သွားမလားကြောက်နေရတယ် အာ့ကြောင့် သူ့လက်ကိုင်ထားရတာကို လွှတ်လိုက်ချင်တယ် ဒါပေမဲ့ ကြည့်တောင်မကြည့်ရသေးဘူး သူကလက်ဆုပ်ထားတာကိုပိုတင်းလိုက်ပြီး လွှတ်ပေးဖို့ငြင်းဆန်နေတယ်

ဘယ်လောက်ပဲ ငါ့လက်ကိုပြန်ဆွဲဆွဲ သူကလှုပ်တောင်မလှုပ်ဘူး နောက်ဆုံးတော့လဲ သူလုပ်ချင်သလိုပေးလုပ်လိုက်တော့တယ်

တစ်လမ်းလုံး ခေါင်းကိုငိုက်စိုက်ချပြီး သူခိုးလူမိတော့မဲ့ပုံစံနဲ့လိုက်လာခဲ့တယ် ကံကောင်းစွာဘဲ ရပ်ကွက်ထဲက ဘယ်သူနဲ့မှ မဆုံဘူးဟ ငါတံခါးတွန်းပွင့်လိုက်ပြီးကြည့်လိုက်တဲ့အချိန်မှာ ထိန်းထားခဲ့ရတဲ့လေတွေကိုရှုထုတ်လိုက်ချိန်မှာပဲ နောက်ထပ်ရှုသွင်းလိုက်ရပြန်တယ် အရမ်းရုတ်တရက်ဆန်တာကြောင့် ငါသီးပါသီးသွားတယ်

ငါတို့စားပွဲနဲ့ ထောင့်ဖြတ်တည့်တည့်မှာ အစားအသောက်ထဲခေါင်းစိုက်နေတဲ့ကောင်မလေးတစ်ယောက်ရှိနေတယ် ပါးစပ်တစ်ဝိုက်မှာ ဆီတွေပေနေပြီး ကျောက်ပုစွန်တစ်ပုံကြီးထိုင်စားနေတယ် တစ်ချက်တစ်ချက်မော့ကြည့်ပြီး ဘီယာအေးအေးလေးကို ပါးစပ်အပြည့် တစ်ဂွက်ဂွက်နဲ့မျိုချလိုက်တယ် သူမအပြုအမူတွေကို ပုံဖော်ရရင် 'အရှက်မရှိလိုက်တာ'

ငါခေါင်းတောင်နည်းနည်းမူးသွားတယ် ဘယ်သူထင်မှာလဲ ဒီနေရာမှာ ငါ့ငယ်သူငယ်ချင်းနဲ့လာဆုံမယ်လို့
ငါ့ဘေးက ရှန်တျဲကို ဆောင့်ဆွဲပြီး ခိုးထွက်ဖို့ပြင်နေတဲ့အချိန်မှာ သူမကလဲငါနဲ့စိတ်ချင်းဆက်နေသလားပဲ တံခါးကိုကြည့်လာတယ်
"ရှရှ?"

ငါကြားလိုက်တဲ့အချိန်မှာ အဲ့နေရာမှာပဲရပ်သွားတယ် ငါ့အမူအယာကိုနည်းနည်းပြင်လိုက်ပြီး နောက်လှည့်ကာ သူမကို ကို့ရိုးကားယားပေမဲ့ ရည်မွန်တဲ့အပြုံးကြီးပြလိုက်တယ် "ဟဟ,မတွေ့တာတောင်ကြာပြီ"

"နင်ဘယ်တုန်းကပြန်ရောက်တာလဲ ငါ့ကိုတောင်မပြောဘူး"

"အမ်း- ဒီနေ့ပဲပြန်ရောက်တာ ငါနင့်ကိုပြောဖို့အချိန်မရလိုက်ဘူး"

ငါက ဂေးဘားမှာအလုပ်လုပ်နေတဲ့ အဖြောင့်လေးတစ်ယောက် (Unicode) [COMPLETE] Onde histórias criam vida. Descubra agora