Chapter 6

2.5K 383 3
                                    

အခန်း ၆

“အာ့နဲ့? ချက်ချင်းပဲ သဘောတူချလိုက်လား”

ဖုန်းတစ်ဖက်ကအသံက စိတ်လှုပ်ရှားမှုတွေပါနေတယ် ငါမျက်လုံးတွေလှိမ့်လိုက်ပြီး “ဘယ်လိုဖြစ်နိုင်မှာလဲ”

ငါ့လို သိက္ခာရှိလူစားက ဘယ်လိုလုပ် ငါ့ရဲ့ဣ‌န္ဒြေ ကို ပိုက်ဆံနည်းနည်းလောက်နဲ့လွှတ်ပစ်လိုက်ရမှာလဲ
သေချာတာပေါ့ ငါသူ့ကို တစ်ခေါက်တော့ငြင်းရမယ်လေ

________________________________

တခနလောက် ရှော့ရသွားပြီးနောက် အသိစိတ်ပြန်ဝင်လာပြီး ငါ့မျက်နှာအမူအယာတည်တည်နဲ့ “သိပ်အကျိုးကြောင်းမညီညွှတ်ဘူးလေ”

“ဘာလို့မညီညွတ်ရမှာလဲ”သူကမေးသည်

“အကယ်လို့…မင်းအဲ့အချိန်ကျစိတ်မထိန်းနိုင်ဘဲ တခြားအပိုတွေထပ်လုပ်ရင်ရော?”

“ဟင်?ဘယ်လိုတခြားအပိုတွေလဲ”

“မင်း…မင်းကိုစာလုံးပေါင်းပြနေစရာမလိုပါဘူး မင်းသိပါတယ်”

သူကလေးနက်တဲ့လေသံနဲ့မပြောခင် ရယ်လိုက်သေးတယ် “မလုပ်သင့်တာတွေမလုပ်ပါဘူးလို့ကိုယ် ဂတိပေးပါတယ် အခုစိတ်ချပြီလား စာချုပ်ရေးသင့်သေးလား”

စာချုပ်? သူတကယ်ပဲ သောက်ချီးတကယ့်အရောင်းအဝယ်လို့ထင်နေတာလား ဟမ်?

ငါတကယ်ကိုသူပြောလိုက်တာကြောင့်ဆွံ့အသွားတယ် သူ့ဉီးနှောက်ဘယ်လိုလည်ပတ်နေလဲငါတကယ်မသိတော့ဘူး

“သဘောတူပြီလား” သူကအသံတိုးလေးနဲ့ဆွနေတယ်

“စဉ်း..စဉ်းစားပြရစေအုံး”

လမ်းကြားကလူရှင်းပြီး လမ်းကလဲညဖက်မှာတိတ်ဆိတ်နေတယ် ငါ့ခြေထောက်ကိုငုံ့ကြည့်ပြီး သူ့အကြံကိုသဘောတူလိုက်ရင် ငါ့ကိုယ်ကိုရောင်းစားလိုက်တာနဲ့တူလားစဉ်းစားလိုက်တယ် ဒါပေမဲ့ ငါ့ရှေ့ ကအရပ်ရှည်ရှည်နဲ့ပုံရိပ်က ငါ့နားကပ်လာတာကို သတိထားမိဖို့မေ့သွားတယ် သူကငါနဲ့ကျောက်ခဲတစ်ပစ်စာနေရာပဲကျန်တော့တယ်

“ရှကျီ” သူက ငါ့နာမည်ကို အသံအောအောနဲ့ခေါ်လိုက်တယ်

ငါသတိလက်မဲ့မော့ကြည့်လိုက်တော့ ငါ့နှုတ်ခမ်းက သူ့မေးစေ့နဲ့တိုက်မိသွားတယ် လျက်တပြက်ညင်သာတဲ့အထိအတွေ့က ပိုပြီးထင်ရှားလာတယ်

ငါက ဂေးဘားမှာအလုပ်လုပ်နေတဲ့ အဖြောင့်လေးတစ်ယောက် (Unicode) [COMPLETE] Where stories live. Discover now