Chapter 15

1.8K 330 12
                                    

အခန်း၁၅

ငါတကယ်ကြက်သေသေသွားတယ်ကွယ်

သူပြောစကားတွေက ငါ့ခေါင်းထဲမှာထပ်ခါထပ်ခါပဲ ငါပါးစပ်ကိုအကျယ်ကြီး အကြာကြီး ဟောင်းလောင်းဖွင့်ပြီးမှ ငါစကားပြောဖို့သတိရသွားတယ်

“ငါ.ငါ..ငါ အ..အခုထိသဘောမှမတူရသေးတာ မင်းဘာကိုပြောချင်တာလဲ”

ငါ့နောက်ကနေ food deliveryသမားက ဖြတ်သွားတယ် သူကသူ့အနားကိုငါ့လက်ကောက်ဝတ်ကနေ ဆွဲကပ်လိုက်ပြီး တူတူလမ်းကူးလိုက်တယ် ငါ့မေးခွန်းကိုမဖြေခင် မျက်မှောင်ကြုတ်လိုက်ပြီး ခုနကဘာမှမဖြစ်ခဲ့သလိုမျိုးနဲ့ “ဘယ်လိုလဲ သေချာပေါက် ကိုယ်မင်းကို ချစ်ခွင့်ပန်နေတာပေါ့”

အို သူကငါ့ကိုချစ်ခွင့်ပန်နေတာပဲ

ခန,ခန သူ သူသူ ငါ့ကိုချစ်ခွင့်ပန်ချင်နေတာလို့ပြောလိုက်တာလား
ဒီလူ ငါ့ကိုတကယ်ပဲ ချစ်ခွင့်ပန်ချင်တယ်ပေါ့?

ဘယ်သူထင်ထားမှာလဲ ငါ ပထမဆုံးရည်းစားစကားအပြောခံလိုက်ရတာက ဂေးယောကျ်ားဆီကနေလို့လေ

အို နေပါအုံး  အခု ငါလဲ ဂေးပဲလေ
ဘယ်လိုတောင် ဝမ်းနည်းစရာဇာတ်လမ်းအလှဲ့အပြောင်းတွေလဲကွာ

အခုလေးတင်ဖြစ်သွားတဲ့ မယုံနိုင်စရာဒရာမာကို ငါတကယ်နစ်မြောသွားပြီး ငါတို့ကားထဲဝင်သွားပြီး ဟိုတယ်ကိုပြန်မရောက်ခင်အထိ ဘာမှမတုံ့ပြန်နိုင်ဘူး ငါ့အိတ်ကပ်ထဲက membership card ကိုထိကြည့်တော့ အာလူးမီးဖုတ်လိုပဲပူနေတယ် အခုချိန်မှတော့ရှက်နေလဲမထူးတော့ဘူးဆိုပေမဲ့ ငါအရမ်းနားမလည်နိုင်ဖြစ်နေတာနဲ့ငါမေးလိုက်တယ် “ဘာလို့ ဒီရေခဲမုန့်membership cardကို ငါ့ကိုပေးတာလဲ”

“မင်းမကြိုက်ဘူးလား”

ငါ့ကိုလှည့်ကြည့်ပြီး ချက်ကျလက်ကျအသံနဲ့ပြောတယ်

“ဘာလို့ဆိုကိုယ်ကမင်းကိုပိုးနေတာလေ မင်းအပေါ်ကောင်းပြီး မင်းကြိုက်တာတွေပေးရမှာပေါ့”

“မင်းကိုယ့်ကိုပြန်ကြိုက်တာကအကောင်းဆုံးဆိုပေမဲ့ပေါ့”

ငါ့မျက်နှာကြီး လောင်ကျွမ်းသွားပြီဆိုတာငါသိလိုက်တယ်
ဖာ့ခ် ဘယ်လိုတောင်လှပပြီးနူးညံ့တဲ့စာသားတွေလဲ မွန်းကြပ်လိုက်တာ
ငါ့ရင်ထဲမှာ လူသေးသေးလေးတွေရန်ဖြစ်နေကြတာ များလာပြီး အရာအားလုံးကိုရှုပ်ထွေးအောင်လုပ်နေကြတယ် ဘယ်လိုတွေးတွေး ငါ့ဘက်ကအရှုံးချည်းပဲ ဒါပေမဲ့  ဟိုတယ်ရောက်တဲ့အထိကို ဘာမှ ရှင်းအောင်မလုပ်လိုက်ရဘူး

ငါက ဂေးဘားမှာအလုပ်လုပ်နေတဲ့ အဖြောင့်လေးတစ်ယောက် (Unicode) [COMPLETE] Where stories live. Discover now