Chapter 1: ခင်ပွန်းသည်

2.1K 154 7
                                    


Chapter 1: ခင်ပွန်းသည်

ချင်းရွှေမြစ်ကမ်းဘေးရှိနံနက်ခင်းတိုင်း သည် အမြဲတမ်းအသက်ဝင်လန်းဆန်းနေသည်။ မြစ်ရေကတစ်သွင်သွင်စီးဆင်းနေပြီး ရေမျက်နှာပြင်တွင်နံနက်ခင်းမြူခိုးမြူငွေ့များဖြင့်ရစ်ဆိုင်းနေသည်။

ခဝါသည်အမျိုးသမီးများက ကမ်းစပ်တွင်ဆောင့်ကြောင့်ထိုင်၍ ရေစီးသံများ နှင့်အတူ တိုက်ချွတ်ဆေးကြောသံများကိုအတိုင်းသားကြားနေရသည်။

ဟဲ့ရှောင်ယွင် တစ်ယောက် သူ(မ) ၏အဝတ်အစားများကိုလျှော်ဖွပ်ပြီးနော က်အဝတ်လျှော်ဇလုံကိုခါးထက်တွင်စလွယ်သိုင်းကာ မြစ်ကြောတစ်လျှောက်အတိုင်းအိမ်သို့ပြန်လာခဲ့သည်။

ဧပြီလလယ်ရောက်လာသည်နှင့်ရာသီဥတုကလည်းတဖြေးဖြေးပူနွေးလာပြီး မိုးဦးကျစပြုလာသည်။ မနေ့ကမိုးအနည်း

ငယ်ရွာခဲ့သေးသည်။ ဟွမ်ရှစ်လမ်းမပေါ်တွင် ဗွက်အိုင်များကဟိုတစ်ကွက်ဒီတစ်ကွက်ရှိသည်။ ရွှံ့ဗွက်စင်မည်စိုး၍ ဟဲ့ရှောင်ယွင် တစ်ယောက် သူ(မ) ၏ခြေလှမ်းများကိုဂရုတစိုက်လှမ်းနေရသည်။

ချင်းရွှေမြစ်ကြီးကိုတစ်ဖက်ကတောင်တန်း တစ်ဖက်တွင် လယ်ကွက်များဖြင့်ဝန်းရံထားသည်။ ထွန်ရက်ထားပြီးသောလယ်ကွက်များကို ကုန်းပေါင်များဖြင့်တစ်ပိုင်းချင်းစီကန့်ထားသည်။ နောက်ရက်အနည်းငယ်တွင်မျိုးစေ့ကြဲရန်အတွက်စိုက်ခင်းများတွင်ရေများအပြည့်ဖြည့်ကာပြင်ဆင်ထားသည်။တစ်သုန်သုန်တိုက်ခတ်နေသောလေပြည်လေညှင်းများ ကြောင့် စိုက်ခင်းများကြားရှိရေကွက်များမှာ လှိုင်းကြပ်ခွက်ကလေးများ ထနေသည်။ လူတစ်ချို့ကအသီးအရွက်အညွှန့်လေးများကိုခူးရန် စိုက်ခင်းရေကွက်များထဲခက်ခက်ခဲခဲကူး ဖြတ်လျှောက်နေကြသည်။

ဟဲ့ရှောင်ယွင် ၏ယောင်းမဖြစ်သူကသူ(မ)

အနားချဥ်းကပ်လာသည်။ သိပ်မရင်းနှီးလှသောကြောင့် ခေါင်းလေးညိမ့်ရုံမျှပြန်နှုတ်ဆက်ရန်သာ ပြင်လိုက်သော်လည်း ထိုယောင်းမဖြစ်သူက သူ(မ)ကို တစ်ကြော်ကြော်အော်ခေါ်ရင်း ပြောလာသည်။ "ရှောင်ယွင် ...နင်ကဒီရောက်နေတာကိုး ကျန့်ဝေ့ပြန်ရောက်နေပြီ...အခုအိမ်မြန်မြန်ပြန်တော့"။

MMtrans-9 : တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းحيث تعيش القصص. اكتشف الآن