Chapter 2: ပိုက်ဆံ

1K 126 1
                                    


Chapter 2: ပိုက်ဆံ

ဘေးအိမ်ရှိကလေးမလေးက သူ(မ) ၏အိမ်တွင်ရှိမနေသောကြောင့် ဝေ့ယွမ်ဟန် လည်းအိမ်ဘက်သို့ပြန်ပြေးလာခဲ့သည်။

ဖခင်ဖြစ်သူ ဝေ့ကျန့်ဝေ့ က သူ့ကို ကျောပေးပြီးခေါက်ဆွဲပြုတ်စားနေသောကြောင့် ဝေ့ယွမ်ဟန် တစ်ယောက်တံခါးဘောင်ကို မှီကာငေးကြည့်နေမိသည်။ သူ့"အဖေ"ဆိုသူနှင့်ပတ်သတ်ပြီး သူ အတော်အတန်စူးစမ်းသိချင်နေမိသည်။ အရင်တစ်ခေါက်ကဖခင်ဖြစ်သူအိမ်မှ

ထွက်သွားချိန်တွင် သူ့ အသက် ၂ နှစ်ကျော်မျှသာရှိသေးသည်။ သားအဖနှစ်ယောက်အချိန်အတူကုန်ဆုံးခဲ့သည့် အမှတ်တရများသည်လည်း သူ့မှတ်ဥာဏ်ထဲတွင်ပျောက်ကွယ်သွားသည်မှာ ကြာလှပြီ။

အချိန်တစ်ခဏမျှကြာအောင်ငေးကြည့်နေပြီးနောက် စားပွဲဆီသို့ သူ ဖြေးညှင်းစွာလျှောက်သွား လိုက်သည်။ သူ့ အရပ်ကစားပွဲခုံထက်အနည်းငယ်မျှသာမြင့်သောကြောင့် စားပွဲမျက်နှာပြင်ထက်တွင်မေးတင်၍ အစားစားနေသည့်ဖခင်ဖြစ်သူကို ခေါင်းလေးစောင်းငဲ့လျက်ကြည့် နေမိသည်။

လက်ထဲတွင် တူကိုင်ထားပြီးခေါက်ဆွဲဆက်စားရန်ပြင်နေသော ဝေ့ကျန့်ဝေ့ လည်း မျက်နှာချင်းဆိုင်ရှိ ဝဝကစ်ကစ်ကလေးငယ်ကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။ လိမ္မော်ချို

ချဥ် အပြည့်ငုံထားသောကြောင့် ပါးမို့မို့ဖောင်းဖောင်းကလေးဖြစ်နေသည့်ကလေးငယ်ကလည်းသူ့ကို ပြန်ကြည့်သည်။ ထိုကလေးငယ်၏ ခပ်ဝိုင်းဝိုင်းမျက်ဝန်းများက သူ့ကို အနေရခက်စေသည်။

"ရှောင်ဟန်...ဒီကို လာ"

ရေစိုနေသည့်ဖိနပ်များကို လဲပြီးသောအခါ ဟဲ့ရှောင်ယွင် ကဧည့်ခန်းထဲသို့ပြန်ဝင်လာသည်။ ခေါက်ဆွဲပြုတ်စားနေသည့်ဝေ့ကျန့်ဝေ့ အားမျက်တောင်မခတ်တမ်းစိုက်

ကြည့်နေသောကလေးငယ်ကို သူ(မ) လှမ်းခေါ်လိုက်သည်။

"အိုး!"။ ဝေ့ယွမ်ဟန် တစ်ယောက် ဟဲ့ရှောင်ယွင် အနားသို့အပြေးရောက်လာပြီး ရေမြောင်းအနီးတွင်ဆောင့်ကြောင့်ထိုင်ကာ ဖိနပ်ဆေးနေသည့်သူ(မ)ကို မေးလာသည်။

MMtrans-9 : တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now