Chapter 13: ဝမ်းသာပီတိ-2

543 90 1
                                    


Chapter 13: ဝမ်းသာပီတိ-2

သူ(မ)ပြောချင်သည့်စကားကိုတောင် ပြောခွင့်မရလိုက်ပေ။ ထိုသို့နှင့်မွန်းလွဲအချိန်မရောက်မီ သုံးယောက်သား အိမ်သို့ကတိုက်ကရိုက်ပြန်ကြသည်။ ဖုန်းချိုးယွဲ့က နေ့လည်စာပြင်ပြီးသည့်အပြင် ဟင်းခွက်ပန်းကန်များကိုလည်း ဆေးကြောထားနှင့်ပြီးဖြစ်သည်။ ဟဲ့ရှောင်ယွင်က ဝေ့ယွမ်ဟန်အား အခန်းထဲသို့ပြန်ခေါ်သွားသည်။

အချိန်အတော်ကြာအောင်လမ်းလျှောက်ပြီးနောက် ကလေးငယ်ကသိသိသာသာသာပင်ပန်းနေပြီဖြစ်သည်။ မဟုတ်လျှင် အိမ်ပြန်ရောက်သည့်အချိန်တည်းက အပြင်ပြန်ထွက်ပြီးဆော့ကစားနေလောက်ပြီ။

"မေမေ...ဖေဖေဘယ်မှာလဲဟင်" ရုတ်တရက်မေးလာသောကလေးငယ်အား ဟဲ့ရှောင်ယွင်လည်း ပြုံးရင်းပြန်ဖြေလိုက်သည်။ "သားရဲ့ဖေဖေက...တစ်နေကုန်ပျောက်နေတာလေ... အခုမှသတိထားမိတာလား"

သူ(မ)၏စကားကြောင့် ကလေးငယ်က လှုပ်ရှားမှုများရပ်တန့်သွားသည်။ "ဖေဖေက...စစ်သားသွားပြန်လုပ်တာလား"

ဝေ့ကျန့်ဝေ့အဝေးရောက်နေချိန်တိုင်း ဝမ့်ချွန်ဟွားက ဧည့်ခန်းတွင်ချိတ်ထားသည့်ဓာတ်ပုံကိုသူ(မ)၏မြေးဖြစ်သူအားပြပြီး ဝေ့ကျန့်ဝေ့က စစ်သားတစ်ဦးဖြစ်ကာ နိုင်ငံ့အတွက်တာဝန်ထမ်းဆောင်နေကြောင်း အိမ်ပြန်လာလျှင် အရသာရှိသောအစာစအစာများနှင့်လက်ဆောင်များကိုဝယ်လာမည် ဖြစ်ကြောင်း အမြဲစေပြောပြလေ့ရှိသည်။ ထို့ကြောင့် ကလေး၏ခေါင်းထဲတွက်ဖခင်ဖြစ်သူကို မတွေ့ရတိုင်း စစ်သားအဖြစ်တာဝန်ထမ်းဆောင်ဖို့အိမ်မှထွက်သွားသည်ဟုသာ စွဲမြဲနေသည်။

ဟဲ့ရှောင်ယွင်က ကလေးငယ်ကိုစနောက်လိုက်သည်။ "အင်း...သားဖေဖေကစစ်သားသွားပြန်လုပ်နေပြီ" ထိုအခါ ကလေးငယ်က နှုတ်ခမ်းတစ်တောင်လောက်ဆူထွက်လာသည်။ "ဟွန့် ... သားကိုတောင်နှုတ်မဆက်သွားဘူးပဲ"။

"သားက...ဖေဖေ့ကိုအိမ်ပနေထွက်မသွားစေချင်ဘူးလား...အခုဖေဖေမရှိတော့ဘူးဆိုတော့...သားရဲ့အိပ်ရာကိုလုမှာစိုးရိမ်စကာမလိုတော့ဘူးလေ" ဟဲ့ရှောင်ယွင်က အတည်ပေါက်နှင့်ပြောလိုက်သည်။

MMtrans-9 : တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now