Untitled Part 15

771 90 4
                                    


Chapter 13: ဝမ်းသာပီတိ-1

ဟဲ့ရှောင်ယွင်တစ်ယောက် ဝေ့ကျန့်ဝေ့၏အိပ်ရာပေါ်သို့ ခြေချော်ကာလဲကျသွားရာ ဝေ့ကျန့်ဝေ့က နေရာမှရွေ့လိုက်သည်။ ဟဲ့ရှောင်ယွင် လဲနေရာမှ ချက်ချင်းဆိုသလိုအမြန်ပြန်ထလိုက်သော်လည်း မှောင်နေသည်ကတစ်ကြောင်း ဟန်ချက်မထိန်းနိုက်သည်ကတစ်ကြောင်းဖြင့် ကောင်းကောင်းမရပ်နိုင်ပဲ ဝေ့ကျန့်ဝေ့အပေါ်သို့ အကြိမ်အနည်းငယ်တက်နင်းမိသေးသည်။

နောက်ဆုံးတွင် ဝေ့ကျန့်ဝေ့လည်းအိပ်နေရာမှထထိုင်ပြီး ပြာယာခတ်နေသည့် သူ(မ)ကို ကောင်းကောင်းမတ်တပ်ရပ်နိုင်အောင်ကူထိန်းပေးသည်။ ဟဲ့ရှောင်ယွင်တစ်ယောက် ရှက်လွန်းသောကြောင့် မျက်နှာတစ်ခုလုံးရှက်သွေးဖြာကာ နီရဲနေသည်။ သောက်ရှက်ကွဲသည့်အဖြစ်ဟာ မှောင်နေသောကြောင် တစ်ဖက်လူကအသေအချာမမြင်ရသဖြင့် တော်သေးသည်။ "ကျွန်...ကျွန်မတောင်းပန်ပါတယ်"။

"အွန်ဟွန်း...ဂရုစိုက်ပြီးသွားဦး" တစ်ရေးနှိုးလာသောကြောင့်လားမသိ ဝေ့ကျန့်ဝေ့၏အသံက သြရှရှနှင့်ကြက်သီးထစရာကောင်းလှသည်။

ဟဲ့ရှောင်ယွင်လည်း သူ(မ)၏ကုတင်ပေါ်သို့အမြန်သွားကာ စောင်ကိုအလောတကြီးဆွဲလျက် ခေါင်းမြှီးခြုံလိုက်သည်။ ထို့နောက်အခန်းတွင်းရှိ တစ်ဖက်လူ၏လှုပ်ရှားမှုများကိုအာရုံစိုက်ပြီး နားထောင်နေမိသည်။ အိပ်ရာပေါ်သို့ပြန်လှဲချလိုက်သည့်အသံကိုကြားမှ သူ(မ)လည်းစိတ်သက်သာရာရပြီး အသက်ရှူသံမှန်မှန်နှင့် အိပ်မောကျနိုင်တော့သည်။

နောက်တစ်နေ့အာရုဏ်ဦးမရောက်မီတွင် ဝေ့ကျန့်ဟွားက ကျောင်းသို့စောစောစီးစီးပြန်သွားလေသည်။ ဝမ့်ချွန်ဟွားက သူ(မ)၏သားငယ်ကို လိုက်ပို့ပေးပြီးပြန်အလာတွင် လောလောလတ်လတ်စုဆောင်းထားသည့် ကြက်ဥများကို ရေတွက်ပြီးစျေးထဲသို့သွားရန်ဆုံးဖြတ်လိုက်သည်။

ရပ်ကွက်က စားနပ်ရိက္ခာများ ကို ၅ ရက်တစ်ခါစုဆောင်းလေ့ရှိသည်။ ရပ်ကွက်သူ ရပ်ကွက်သားအတော်များများက မိမိတို့လယ်ယာမြေတွင်စိုက်ပျိုးမွေးမြူထားသည့် အသီးအရွက်များနှင့်ကြက်ဥများကိုယူလာပြီး နေ့စဥ်မရှိမဖြစ် လိုအပ်သောအရာများဖြစ်သည့်ဆားနှင့်ဆီတို့ကို လဲလှယ်ကြသည်။

MMtrans-9 : တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now