Chapter 10: လူဆိုး

698 106 3
                                    


Chapter 10: လူဆိုး

စီရင်စုနယ်မြေမှပြန်လာပြီး နှစ်ရက်မြောက်နေ့တွင် မိခင်ဖြစ်သူ လီယွီကွေ့ မှ အိမ်ပြန်လာရန် ဟဲ့ရှောင်ယွင် အား အကြောင်းကြားလာသည်။

သူ(မ) ၏မိဘအိမ်တွင်တစ်ခုခုဖြစ်နေမည်ကိုစိုးရိမ်သောကြောင့် ဟဲ့ရှောင်ယွင် တစ်ယောက်ထိုနေ့လည်ခင်းတွင် အိမ်သို့အသော့နှင်ကာသွားရတော့သည်။

အိမ်ရှိခေါင်မိုးက လွန်ခဲ့သောရက်အနည်းငယ်အတွင်း မိုးရွာသောအခါ အမိုးယိုပြီးရေများစိမ့်ဝင်လာသည်ဟုဆိုသည်။ ယမန်နေ့က ရာသီဥတုကောင်းနေချိန်တွင် သူ(မ) ၏ဖခင်ဖြစ်သူကရပ်ကွက်ထဲသို့သွားပြီး ကြွေပြားများကိုယူလာသည်။ ထို့နောက် ခေါင်မိုးပေါ်သို့တက်ပြီး ယိုစိမ့်မှုဖြစ်စေသည့်အမိုးပေါက်များကို ဖာထေးရာတွင် မတော်တဆ ခြေချော်ကျသွားခဲ့သည်။

အိမ်ခေါင်မိုးမှာ သိပ်မမြင့်လှသောကြောင့် တော်သေးသည်။ သို့သော်ဖခင်ဖြစ်သူ၏ခြေထောက်မှာ အပြင်းအထန်ဒဏ်ရာရသွားခဲ့သည်။ အိမ်ခေါင်မိုးကိုလည်း အပြီးအထိမပြင်ရသေး။မိုးတွင်းဝင်နေပြီဖြစ်ရာ မိခင်ဖြစ်သူ လီယွီကွေ့ က ဝေ့ကျန့်ဝေ့ အား အိမ်ခေါင်မိုးကိုတက်ပြင်ပေးရန်အကူအညီ

တောင်းချင်နေသည်။

သာမာန်လူတစ်ယောက်သာဆိုလျှင် ဇနီးသည်၏မိသားစုဘက်မှအကူအညီတစ်စုံတစ်ရာလိုအပ်လာခဲ့လျှင် တစ်ခွန်းတစ်ပါဒမှပြောစရာမလိုပဲ ကူညီပေးလိမ့်မည်ဖြစ်သည်။ သို့သော်သူ(မ) နှင့် ဝေ့ကျန့်ဝေ့ တို့မှာ သာမာန်လင်မယားစုံတွဲ မဟုတ်သောကြောင့် အခက်တွေ့နေခြင်းဖြစ်သည်။

မနေ့တစ်နေ့ကမှစာအုပ်လက်ဆောင်ပေးထားပြီး ဒီနေ့ကျတော့ ချက်ချင်းအကူအညီတောင်းသည်။ သူ(မ) တို့နှစ်ဦးကြားရှိဆက်ဆံရေးက သဟဇာတဖြစ်မနေပေ။ သို့သော် မိဘများ၏ပြဿနာကိုလည်း ဖြေရှင်းပေးရဦးမည်။

နေ့လည်ခင်းတစ်ပိုင်းလုံး ဝေ့ကျန့်ဝေ့ ကို ဘယ်လိုကနေဘယ်လိုစပြီး အကူအညီတောင်းရမည်မှန်း ဟဲ့ရှောင်ယွင် စဥ်းစားနေမိသည်။ ညနေစောင်းသို့ရောက်လာသောအခါ ဝေ့ကျန့်ဝေ့ မှ သူ(မ) အားအရင်မေးလာသည်။

MMtrans-9 : တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now