Chapter 4: သားယောကျာ်းလေး

988 120 2
                                    

Chapter 4: သားယောကျာ်းလေး

မနေ့ညက ညနက်ချိန်အထိ ဟဲ့ရှောင်ယွင် အိပ်မပျော်ခဲ့ပေ။ နောက်နေ့မနက် သူ(မ) နှိုးလာချိန်တွင် ကလေးငယ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေဆဲပင်။ ဝေ့ကျန့်ဝေ့ လည်းအခန်းထဲမရှိတော့သလို ညက သူခင်းအိပ်ထားသည့်ဖျာနှင့်စောင်များကိုလည်း ပြန်သိမ်းသွားသည်။

ဟဲ့ရှောင်ယွင် တစ်ယောက်အိပ်ရာထဲတွင်ခဏလဲနေချိန်တွင် သူ(မ) ၏မိဘအိမ်သို့သွားလည်ရမည့်အရေးကို ရုတ်တရက်သတိရသွားသည်။ ထို့ကြောင့်ကုတင်ပေါ်မှထထိုင်လိုက်ပြီး စောင်ကိုဆွဲဖယ်ကာ အိပ်ရာမှထွက်လိုက်သည်။

အခန်းထဲရှိ အဝတ်ဗီရိုထဲတွင် ကိုယ်လုံးပေါ်မှန်ကြီးတစ်ခုရှိသည်။ သူ(မ) လည်းထိုမှန်ရှေ့တွင်ရပ်ကာ ဆံပင်များကိုဖြီးသင်လိုက်သည်။ သူ(မ) ၏မျက်နှာပုံပန်းသဏ္ဍာန်းက ငန်းဥပုံစံနှင့်ခပ်ဆင်ဆင်ဖြစ်သည်။ ကျေးလက်ဒေသတွင်နေထိုင်သူဖြစ်သော်လည်း အသားအရည်ကဖြူဥနေသည်။ မျက်ဝန်းတစ်စုံကခပ်ဝိုင်းဝိုင်းနှင့်အရည်လဲ့နေသည်။ သူ(မ) ၏နှာတံလေးမှာ

ဖြောင့်စင်းနေပြီးနှုတ်ခမ်းပါးတို့ကလည်းပန်းရောင်သန်းနေသည်။ မိတ်ကပ်မပါလျှင်ပင် သူမ က အလှပဂေးတစ်ဦးဟု ဆိုထိုက်သည်။

ဟဲ့ရှောင်ယွင် ကိုယ်တိုင်လည်း ချောမောသောအမျိုးသမီးတစ်ဦးဖြစ်သော်ငြား ဤခန္ဓာကိုယ်ပိုင်ရှင်၏အလှကိုမမှီနိုင်ပေ။

ဝတ္ထုထဲသို့ကူးပြောင်းလာပြီးနောက် ဘဝအသစ်ကိုရရုံသာမက ကျန်းမာလှပသောခန္ဓာကိုယ်ကိုပါ အပိုဆောင်းရရှိလိုက်သေးသည်။ အခြေအနေအချို့က သူ(မ)မျှော်လင့်ထားသလို မကောင်းလျှင်တောင် ဘာမှညီးညူစရာမရှိပေ။

အဝတ်အစားလဲပြီး အခန်းအပြင်ထွက်လာချိန်တွင် မိသားစုဝင်အားလုံးလည်း အိပ်ရာမှကိုယ်စီကိုယ်စီနှိုးလာကြသည်။ ယောက္ခမဖြစ်သူ ဝမ့်ချွန်ဟွား က မီးဖိုခန်းထဲဝင်ချိန်တွင် ချွေးမအကြီးဆုံးက စားဖို့သောက်ဖို့အတွက် ကူကပ်လုပ်ကိုင်နေသည်။

"ဒါလေးယူသွားလိုက်"။ ဝမ့်ချွန်ဟွား က ကန်စွန်းဥအချို့ကို ဟင်းအိုးထဲသို့လှီးထည့်ပြီး အဖုံးအုပ်ကာ ထိုဟင်းအိုးကိုယူသွားရန် ဟဲ့ရှောင်ယွင် အားအမူအရာပြလာသည်။ ပစ္စည်းများ

MMtrans-9 : တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now