Chapter 9: လက်ဆောင်များ

808 97 2
                                    

Chapter 9: လက်ဆောင်များ

ထိုမြင်ကွင်းကိုမြင်လိုက်သောဒေါ်ဒေါ်ကျန်းက သူ(မ) ၏မြေးမလေးကို ချက်ချင်းလှမ်းတားသည်။ "ယန်ယန်...အဲ့တာတွေကိုမယူရဘူးလေ"။

"ရပါတယ်"။ ဝမ့်ချွန်ဟွား ခေါင်းခါရင်းပြောလာသည်။

"ဂေါ်ဖီရွက်လေးတစ်ရွက်က...ဘာတန်ဖိုးမှမရှိပါဘူး...ပြီးတော့သားလတ်က...ကလေးတွေကိုအရမ်းအလိုလိုက်တာ...သစ်သားဘူးလေးတွေလုပ်ပြီးပိုးကောင်လေးတွေလည်းမွေးပေးတယ်...ကလေးကလားတွေတအာားလုပ်တာ...ကိုယ့်ကိုကိုယ်လူကြီးတစ်ယောက်ဆိုတာသတိရသေးရဲ့လားမသိဘူး"။

ယောက္ခမဖြစ်သူဝမ့်ချွန်ဟွား၏စကားကြောင့် ဒေါ်ဒေါ်ကျန်း ရယ်လေသည်။ "ဝေ့ကျန့်ကအရမ်းတီထွင်ဆန်းသစ်တတ်တဲ့သူပဲ...ပိုးကောင်တွေကိုတောင်မွေးတယ်ဆိုတော့လေ"

ဟဲ့ရှောင်ယွင် လည်းသစ်သားဘူးထဲတွင် ဂေါ်ဖီရွက်များထည့်ရန် ကလေးများအားကူညီပေးလိုက်သည်။ ကလေးနှစ်ယောက်က ပိုးကောင်လေးများကိုဂရုတစိုက်ကြည့်နေသည်။ ထိုအရာကသူ(မ) အတွက် အတော်လေးပျင်းစရာကောင်းလှသည်။ ထို့နောက်ရုတ်တရက်ဆိုသလို အံဆွဲထဲရှိ စာအုပ်များကိုသတိရသွားသောကြောင့် အခန်းထဲသို့ပြန်ပြေးဝင်သွားသည်။

ဝေ့ကျန့်ဝေ့ သည် စားပွဲတွင် ထိုင်ရင်း စာအုပ်တစ်အုပ်ကိုဖတ်နေသည်။ ဟဲ့ရှောင်ယွင် လည်းအခန်းထဲသို့အသာလေးဝင်လာကာ အိပ်ရာခင်းကိုပြင်လိုက် အဝတ်ဗီရိုကိုသွားဆွဲဖွင့်လိုက် ခြင်ထောင်ပေါ်မှမရှိသည့်ဖုန်ကို ကြံဖန်သန့်ရှင်းရေးလုပ်လိုက် အကြိမ်အနည်းငယ် ချောင်းဟန့်လိုက်လုပ်နေသော်လည်း စာဖတ်နေသူကတုတ်တုတ်မျှမလှုပ်ပဲ ကျောက်ရုပ်တစ်ရုပ်လိုငြိမ်နေသည်။

သူ(မ) လည်း ဆက်ပြီးသည်းမခံနိုင်တော့သောကြောင့် ခြေဆောင့်ကာစားပွဲအနားသို့ချဥ်းကပ်သွားလိုက်သည်။

အလင်းရောင်ကိုကွယ်လိုက်သောကြောင့် တစ်ဖက်လူက သူ(မ) အားမော့ကြည့်လာသည်။

ဟဲ့ရှောင်ယွင် လည်း ဖျစ်ညှစ်ပြုံးပြရင်းပြောလိုက်သည်။ "ကျေးဇူးပြုပြီး..စာအုပ်တစ်အုပ်လောက်

MMtrans-9 : တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now