Chapter 3: အိပ်စက်ခြင်း

995 133 1
                                    


Chapter 3: အိပ်စက်ခြင်း

သိပ်မကြာလိုက်သောအချိန်တွင် ဝမ့်ချွန်ဟွား ပြန်ရောက်လာပြီး ရေအိုင်ငယ်လေးဆီမှ ငါးတစ်ကောင်ဖမ်းလာခဲ့သည်။ဝေ့မိသားစုတွင်မိသားစုဝင် စုစုပေါင်း ၈ ယောက်ရှိသည်။ ဝေ့ကျန့်ဝေ့ ၏ဖခင်ဖြစ်သူ မှာ ခေါင်မိုးပြင်ရန်အခြားတပ်ရင်းတစ်ခုဆီသို့သွားသည်။ ညစာစားချိန်အထိပြန်ရောက်ဦးမည်မဟုတ်ပေ။

ဝေ့မိသားစု၏အကြီးဆုံးသား သည် သူ၏ဇနီးဖြစ်သူနှင့်အတူ ယောက္ခထီးအိမ်တွင်မျက်နှာသွားပြသည်။ ဝေ့ကျန်ဝေ့ သည် ဒုတိယသားဖြစ်ပြီး စစ်တပ်ထဲမှလောလောလတ်လတ်ပြန်လာသူဖြစ်သည်။ တတိယသားကမူ အထက်တန်းကျောင်းအိပ်ကျောင်းစားအဆောင်တွင်ရှိနေကာ ပိတ်ရက်များမှအိမ်ပြန်လာတတ်သည်။

နေ့လည်စာအတွက်ကန်စွန်းဥထမင်းကို ပြင်ဆင်ချက်ပြုတ်ထားသည်။၎င်းထမင်းကို ပြုလုပ်ရန်အတွက်ကန်စွန်းဥများကို ကြေညက်နေအောင်ချေပြီးအဆာပလာထည့်ကာ ယောင်းမနှင့် သမအောင်မွှေပေးရသည်။

အရသာကချိုမြိန်နေပြီးပူပူနွေးနွေးလေးနှင့်စားချင့်စဖွယ်ဖြစ်သည်။ဝေ့ကျန့်ဝေ့ အိမ်ပြန်ရောက်လာသောကြောင့် ငါးစွပ်ပြုတ်၊ အာလူးဂေါ်ဖီထုပ်ဟင်းရည်နှင့် မနက်ကကြွင်းကျန်နေသောဆားရည်စိမ်အချဥ်များလည်း ပါဝင်သည်။ ညစာစားပြီးနောက်တပ်ရင်းမှအမျိုးသမီးတစ်ချို့ ဝေ့မိသားစုအိမ်သို့အလည်ရောက်လာသည်။

ဝမ့်ချွန်ဟွား ကလိမ္မော်ချိုချဥ်လက်တစ်ဆုပ်နှင့် မြေပဲအချိုခြောက်လက်တစ်ဆုပ်စာတို့ကို ယူ၍ ဧည့်သည်များကို ဧည့်ခံရန် လင်ဗန်းထဲသို့ထည့်လိုက်သည်။

ဤအခြင်းအရာကဒေသဓလေ့ထုံးတမ်းတစ်ခုလိုဖြစ်နေသည်။စစ်သားဖြစ်ဖြစ်၊ အချိန်ပိုင်းအလုပ်သမားပဲဖြစ်ဖြစ်၊စီးပွားရေးလုပ်ငန်းရှင်ပဲဖြစ်ဖြစ် တစ်နေရာရာမှပြန်လာလျှင် အိမ်နီးနားချင်းများ စားဖွယ်ရာများ လာတောင်းလေ့ရှိကြသည်။

ဟဲ့ရှောင်ယွင် တစ်ယောက် မီးဖိုချောင်အတွင်း ပန်းကန်ခွက်ယောက်များဆေးကြောနေစဥ်တွင် ဧည့်ခန်းအတွင်းမှ တဝါးဝါးရယ်သံများကို ကြားနေရသည်။ ထိုအမျိုးသမီးများ က သူမနှင့်

MMtrans-9 : တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းTempat cerita menjadi hidup. Temukan sekarang