Chapter 7: အကြည့်

777 107 3
                                    


 Chapter 7: အကြည့်

ဝေ့ကျန့်ဟွား ပြန်ရောက်လာချိန်တွင် အိမ်တွင်အလုပ်လုပ်သူနောက်တစ်ယောက်ထပ်ရှိနေသည်။ သို့သော် ဖုန်းချိုးယွဲ့ နှင့် ဟဲ့ရှောင်ယွင်တို့ ချက်ပြုတ်ရေးတာဝန်ကိုယူထားဆဲပင်။

နေ့လည်ပိုင်းတွင် ကြက်သွန်ဖူးမွှေကြော်နှင့်အသားဟင်း ကိုပြင်ဆင်ချက်ပြုတ်ကြသည်။ ထို့အပြင် ငါးချဥ်ကြော်နှင့်အသီးအရွက်စွပ်ပြုတ်ပူပူတစ်ခွက်လည်း ပါသေးသည်။

ခါတိုင်းလိုပင် ဟဲ့ရှောင်ယွင် ကအစားအသောက်များကို ဝမ့်ချွန်ဟွား နှင့်အခြားသူများထံပို့ဆောင် ပြီး မြစ်ကမ်းဘေးသို့သွားလိုက်သည်။ ဝေ့ကျန့်ဝေ့ နှင့် ဝေ့ကျန့်ဟွား တို့ တစ်နေရာတည်းတွင် အတူတူအလုပ်လုပ်ကြသည်။

ဝေ့ကျန့်ဟွား ၏ ပုံပန်းသွင်ပြင်မှာဝေ့မျိုးနွယ် ၏ မျိုးရိုးဗီဇအတိုင်း မျက်ခုံးထူထူနှင့်မျက်လုံးခပ်ဝိုင်းဝိုင်းကိုပိုင်ဆိုင်ထားသည်။ လူငယ်တစ်ဦးဖြစ်သည့်အလျောက် ငယ်ရွယ်တက်ကြွမှုအားမာန်အပြည့်တို့ဖြင့် နုပျိုလန်းဆန်းနေသည်။

ထိုကလေး ၂၀ကျော်၊၃၀ခန့်အရွယ်ရောက်လာလျှင်မည်သို့မည်ပုံဖြစ်မည်ကို ဟဲ့ရှောင်ယွင် သိချင်နေမိသည်။ စကားနည်းသောအခြားဝေ့မိသားစုဝင်များနှင့်မတူပဲ ဝေ့ကျန့်ဟွား သည် စကားအတော်များ ပြီး သူ့ဦးလေးငယ်နှင့်တူသည်။

"ဒီနေ့ချက်ထားတဲ့ဟင်းတွေက ... အရမ်းအရသာရှိတာပဲ ... မရီးငယ်ကအချက်အပြုတ်တော်တော် ကောင်းတယ်နော်"။ အစားအသောက်များကိုအားပါးတရစားနေရင်း ဟဲ့ရှောင်ယွင် ကိုလည်း ချီးကျူးဖို့မမေ့ပေ။ ထိုကလေးက ဟိုလူထက်စာရင်အများကြီးပိုကောင်းသည်ဟု ဟဲ့ရှောင်ယွင် တွေးမိလိုက်သည်။ အနည်းဆုံးတော့သူ့ညီလေး က သူ့ထက်စကားချိုသည်။

တရစပ်ချီးကျူးနေသော ဝေ့ကျန့်ဟွား ကြောင့် သူမလည်း မနေသာတော့ပဲဝက်ပေါင်ခြောက်တစ်ခြမ်းကိုဖဲ့ယူကာ သူ့ပန်းကန်သို့ထည့်ပေးလိုက်သည်။ ကျေးဇူးသိတတ်သောကလေးကိုဆုချသင့်သည် မဟုတ်လား။

"ရပါပြီ ... မရီးငယ် ... အစ်ကိုငယ်အတွက်ပဲချန်ထားပေးလိုက်ပါ"။ ဝေ့ကျန့်ဟွား ဟင်းများထည့်ပေးနေသည့် သူမကို လှမ်းတားလိုက်သည်။"ဘာမှမဖြစ်ဘူး ... မင်းအစ်ကိုငယ်ကမစားရလည်းကိစ္စမရှိပါဘူး"။ ‌

MMtrans-9 : တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now