Chapter 12: အမှောင်ထု-၂

622 92 1
                                    


Chapter 12: အမှောင်ထု-၂

"ဟင့်အင်း...ဖေဖေ့နေရာမဟုတ်ဘူး...သားရဲ့နေရာပါဆို"။ ကလေးငယ်က ဟဲ့ရှောင်ယွင်ကိုဖက်ရင်း အသည်းအသန်ခေါင်းယမ်းသည်။

"သားမေမေနဲ့ခွဲပြီး...မအိပ်ချင်ဘူး...ဖေဖေပဲကြမ်းပြင်ပေါ်မှာဆက်အိပ်ပါစေ"

"ဟမ်..."။ ကလေးငယ်၏စကားကြောင့် သူ(မ)ခပ်တိုးတိုးရယ်လိုက်မိသည်။ ကလေးစုတ်လေးက ကြမ်းပြင်ပေါ်မှာအိပ်ရတဲ့ သူ့အဖေကို သနားမလားအောက်မေ့တယ်။ဘယ်ဟုတ်မလဲ...တကယ်တမ်းတော့သူ့ဘုံပျောက်မှာကိုစိုးရိမ်နေတာ။ သားအဖနှစ်ယောက်ကြားဆက်ဆံရေးက ကိုးရို့ကားယားနှင့်အတော်လေးရယ်ချင်စရာကောင်းသည်။

အတန်ငယ်ကြာအောင်ဟိုဟိုဒီဒီလမ်းသလားပြီးနောက် နေ့လည်စာကူချက်ရန်သားအမိနှစ်ယောက်လုံး အိမ်သို့လှည့်ပြန်ခဲ့သည်။ သို့သော် ရုတ်တရက်ဆိုသလို အပြင်ဘက်တစ်နေရာဆီမှာ ဗြောက်အိုးဖောက်သံများကိုကြားလိုက်ရသည်။

ဆူဆူညံညံအသံများကြောင့် ဖုန်းချိုးယွဲ့လည်း တံခါးပေါက်ဘောင်တွင်မှီကာ အပြင်ဘက်သို့လှမ်းကြည့်နေသည်။

"သုန်ထုံဘက်ကနေလာတဲ့အသံတွေနေမယ်...မင်္ဂလာဆောင်တွေဘာတွေရှိလို့များလား"။

ယောက္မဖြစ်သူကလည်း တစ်ဖက်လာသည့်အသံကို နားထောင်ပြီးစဥ်းစားကြည့်နေသည်။

"အော် ဟိုတစ်ခေါက်က... ညည်းတို့ရဲ့ဒေါ်ဒေါ်ကျန်းပြောဖူးတယ်လေ.. .စိတ်မနှံ့တဲ့ကောင်လေးကမင်္ဂလာဆောင်တော့မှာဆိုလားပဲ"

ဖုန်းချိုးယွဲ့နှင့်ဟဲ့ရှောင်ယွင်တို့နှစ်ယောက်လုံး တစ်ပြိုင်တည်း သက်ပြင်းချမိလိုက်ကြသည်။

ထိုကိစ္စနှင့်ပတ်သတ်ပြီးလွန်ခဲ့သောနှစ်ရက်တည်းက ဒေါ်ဒေါ်ကျန်းလာပြောသည့်အချိန်တွင် အရူးနှစ်ယောက်ကို အိမ်ထောင်ချပေးပြီး ကလေးမွေးခိုင်းရန် သူ(မ)တို့နှစ်ဦးလုံးသဘောမတူခဲ့ကြပေ။

မီးမဖွားမီနှင့်မီးဖွားပြီးအချိန်နှစ်ခုလုံးတွင် ကိုယ်ဝန်သည်ကိုအထူးဂရုစိုက်အလေးပေးသည့် ခေတ်ကာလတွင် ဟဲ့ရှောင်ယွင် ရှင်သန်နေထိုင်ခဲ့ရသည်။ စိတ်ရောဂါသည်များကိုပင်မချန်လပ်ထားပဲ ကလေးမွေးခြင်း က လူသားတိုင်း၏အခွင့်အရေးဖြစ်သည်ဟု လူတစ်ချို့က ယုံကြည်လက်ခံထားကြသည်။ အချို့ကလည်း ဆင်ခြင်တုံတရားရှိပြီး စိတ်ရောဂါသည်များကို ကလေးမွေးခွင့်မပေးသင့်ကြောင်း တားမြစ်ပိတ်ပင်ကြသည်။ ထိုကိစ္စနှင့်ပတ်သတ်ပြီး ဆယ်စုနှစ်များစွာတိုင်အောင် ဒွိဟဖြစ်နေကြဆဲပင်။ သို့သော် ဟဲ့ရှောင်ယွင်ကတော့လက်မခံနိုင်ပေ။ အကယ်၍များ မွေးလာသည့်ကလေးက မိဘနှစ်ယောက်၏ မျိုးရိုးဗီဇကြောင့်တူညီသောရောဂါဝေဒနာကိုခံစားနေလျှင် ထိုကလေး၏ဘဝတစ်ခုလုံးကို မည်သူကများ တာဝန်ယူစောင့်ရှောက်ပေးလိမ့်မည်နည်း။

MMtrans-9 : တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now