Chapter 14: ခွံ့ကျွေးပါ-၂

652 83 1
                                    


Chapter 14: ခွံ့ကျွေးပါ-၂

ကလေးငယ်ကမျက်နှာရှုံ့မဲ့ကာ ပြောလာသည်။ သို့သော်အပြောနှင့်အလုပ်မညီစွာ ဆီးသီးပန်းကန်ထဲသို့လက်လှမ်းနေသေးသည်။

"နောက်ထပ်တစ်လုံးပဲရမယ်နော်...မဟုတ်ရင်အချဥ်လွန်ပြီး...သွားတွေကြိမ်းကုန်လိမ့်မယ်"။ ဟဲ့ရှောင်ယွင် လည်း ကလေးငယ်ကိုဆီးသီးတစ်လုံးထပ်ပေးရင်း ဝေ့ကျန့်ဝေ့ ကို ရုတ်တရက်သတိရသွားသည်။ ဟုတ်သားပဲ...အဲဒီလူဆီးသီးတစ်လုံးမှမစားရသေးဘူးမဟုတ်လား။ ထို့နောက်ထိုလူ့ဆီသို့ လျှောက်သွားလိုက်သည်။

"ဆီးသီး...စားဦးမလား" ဟု သူ(မ) အေးအေးလူလူ မေးလိုက်သည်။

ဝေ့ကျန့်ဝေ့ က ဝါးကုတင်ခြေထောက်ကိုပြင်နေသောကြောင့် သူ(မ)ဘက်သို့ ခေါင်းလေးစောင်းငဲ့ရုံ မျှသာ လှည့်လာသည်။

ဒီလူ...ဘာလဲဟ။

သူ(မ)ရှိရာသို့ ခေါင်းလေးလှည့်လာပြီးငြိမ်နေ

သည့် အနှီလူသားကိုကြည့်ရင်း ဟဲ့ရှောင်ယွင် ကြောင်အမ်းအမ်းဖြစ်နေမိသည်။ သူ့ကိုခွံ့ကျွေးစေချင်တာလား။

ဆီးသီးပန်းကန်ကိုချပြီးထွက်သွားမည်အပြုတွင် သူ(မ)တို့နှစ်ယောက်အားလှမ်းကြည့်နေသည့် ဒေါ်ဒေါ်ကျန်းနှင့်ယောက္ခမဖြစ်သူကိုဖြတ်ခနဲမြင်လိုက်ရသည်။

သူ(မ)၏ခြေလှမ်းတို့ရပ်တန့်သွားသည်။

တစ်ယောက်နှင့်တစ်ယောက်ခွံ့ကျွေးခြင်းက စုံတွဲများကြားတွင်ပုံမှန်အပြုအမူတစ်ခုဖြစ်သည်။ သူ(မ)သာ ဝေ့ကျန့်ဝေ့ ကို ကိုယ်တိုင်ခွံ့မကျွေးပဲ ဒီအတိုင်း ထွက်သွားလိုက်လျှင် ထူးဆန်းနေလိမ့်မည်။

ထို့အပြင် အလုပ်မအားသည့် ဝေ့ကျန့်ဝေ့ က သူ(မ)ဘက်ကစပြီး စကားသွားပြောတာ မဟုတ်လား။

ကိုယ်စသည့်ဇာတ်ကိုယ်နိုင်အောင်ကရတော့မည်။

ဟဲ့ရှောင်ယွင် တစ်ယောက် အသက်ပြင်းပြင်းရှူထုတ်လိုက်ရင်း ဆီးသီးတစ်လုံးကိုယူကာ ဝေ့

ကျန့်ဝေ့ ၏ပါးစပ်ထဲသို့သွတ်ထည့်လိုက်သည်။ ဝေ့ကျန့်ဝေ့က ချဥ်စူးနေသည့်ဆီးသီးကို ခါတိုင်းလိုပင် မျက်နှာအမူအရာတစ်ချက်မှ မ ပြောင်းပဲစားနိုင်သည်။ ဟဲ့ရှောင်ယွင် လည်း နောက်တစ်ခါ ခွံ့ကျွေးရမည်စိုးသောကြောင့် ဆီးသီးပန်းကန်ကိုအမြန်ယူကာလှည့်ထွက်လာခဲ့သည်။

MMtrans-9 : တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now