Chapter - 58

10.6K 620 64
                                    

မနက်မိုးသောက်တော့ ရန်ကုန်နဲ့ဆန့်ကျင်စွာ မေမြို့မှာအအေးပိုနေသည် ။ ဆောင်းအလယ်ကာလလဲဖြစ်တာကြောင့် နှင်းမှုန်လေးတွေကျနေပြီး တောင်တန်းကြီးကို မှုန်ဝါးဝါးသာမြင်နေရသည် ။ အေးတဲ့ဒေသမှာနေလာခဲ့တဲ့ သခင်လေးမင်းယွီအတွက် ဒီကရာသီဟာ မပြောပလောက်ပေ ။ အနွေးထည်ထူထူဝတ်ပြီး သူတို့အလည်အပတ်ခရီး စတင်ထွက်ခွာလာခဲ့ကြသည် ။

မြို့ပေါ်ကဘုရားတွေကိုအရင်ဖူးပြီး မနက်စာကို ဈေးထဲက ဒေသထွက်အစားအစာတွေကို စားကြသည် ။ ကုကုလေးအတွက် အရာရာက အထူးအဆန်းတွေမို့ စိတ်လှုပ်ရှားပျော်ရွှင်နေသည် ။ နေခင်းဘက်အရောက်မှာ တောင်ပေါ်ဒေသ နာမည်ကြီးဂူဘုရားတွေရှိရာသို့ အလည်အပတ်ထွက်ကြသည် ။ စိမ့်စမ်းရေအိုင်တွေနဲ့ တောင်ပေါ်ကနေ ရေတံခွန်စီးကျနေတဲ့ ဂူတွေထံရောက်တော့ ကုကုလေးကအရမ်းကိုပျော် နေပြီး သခင်လေးမင်းယွီလက်ကိုဆွဲကာ ​ပြေးလွှားနေသည် ။

သခင်လေးမင်းယွီကလဲ အမှတ်တရဓာတ်ပုံတွေရိုက်ရင်း ပျော်မြူးနေကြသည် ။ ဧကရာဇ်မောင်က မုဒြာနဲ့အတူရှိချင်တာကြောင့် လူရှင်းသည့် တောင်ခြေက ရေတံခွန်တစ်ခုထံခေါ်လာပြီး မုဒြာကို သူနဲ့အတူ ရေထဲဆင်းဖို့ပြောသည် ။

" ရူးနေလား ... ဒီလောက်အေးတာ မဆင်းချင်ပါဘူး "

" အရမ်းမအေးပါဘူး ... လူတိုင်း ဆင်းပြီးဆော့ကြတာပဲ "

" ကို့ဘာသာဆော့ချင်ဆော့နေ ... သွားပြီ "

လှည့်ပြန်တော့မဲ့မုဒြာရဲ့လက်ကို လှမ်းဆွဲလိုက်တော့ ခြေထောက်အောက်က ကျောက်ပြင်ပေါ်ကရေညှိတွေကြောင့် ၂ ယောက်သားခြေချော်ကာ ရေထဲကျသွားလေသည် ။ ကံကောင်း၍ ရေထဲမှာက ကျောက်ခဲသေးသေးလေးတွေသာရှိနေတာကြောင့် အောက်ကကျသည့် ဧကရာဇ်ကျောပြင် အနည်းငယ်သာ နာကျင်သွားသည် ။

" အဟွတ် ... အဟွတ် "

" အဆင်ပြေလား မုဒြာ "

မုဒြာရေမွန်းပြီးချောင်းဆိုးလိုက်တော့ ဧကရာဇ်နောက်ကျောက နာကျင်နေတာကိုပင်သတိမရတော့ပဲ ပြာပြာသလဲမေးလာသည် ။ မုဒြာက မျက်စောင်းလေးခဲရင်း ...

" မဆင်းချင်ပါဘူးဆို ... ဘာလို့အတင်းဆွဲချတာလဲ "

" ကိုယ်တမင်လုပ်တာမဟုတ်ပါဘူး ... ကိုယ်လဲ ခြေချော်သွားလို့ပါ "

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now