ep 4

912 57 15
                                    

after 10 years later

              jeon family house.

    

    အချိန် ၁၀ နှစ်ကြာသွားပေမဲ့လဲ   ဘယ်အရာမှမပြောင်းလဲသေးဘဲ   တည်ရှိနေတဲ့ တစ်ခုတည်းသော  နေရာလေးကတော့ jeon family ဆိုတဲ့ မိသားစုအိမ်လေးဘဲပေါ့    အခုဆိုရင်ဒီအိမ်လေးထဲမှာ  သိပ်ကိုပျော်ရွှင်နေကြတဲ့ မိသားစုဝင်လေးယောက်ဟာ အတူတကွ ပျော်ရွှင်စွာ နေထိုင်လာခဲ့တာ ၁၀ နှစ်တောင်ရှိနေပြီလေ

    အသက် ၅၀ ကျော်လို့မထင်ရလောက်အောင် သန့်တုံး ခန့်တုံး  jeon ပါပါးကလဲ သားတွေနဲ့အပြိုင်  လိုက်နုနေတော့   အခုချိန်တောင် သားနှစ်ယောက်နဲ့ ပြိုင်ပြီး စော်လိုက်လို့ရနေတုံးလေ 

      အရင်ထဲက. ထက်ထက်မြတ်မြတ်နဲ့   သဘောမနောကောင်းတတ်တဲ့ jeon မာမားကလဲ အခုချိန်ထိကို ဘားမှမပြောင်းလဲသေး

       အခုဆိုရင် ကင်မ်ထယ်ယောင်းဆိုတဲ့  ကျွန်တော်ကလဲ  ထိုမိသားစုရဲ့တကယ့်ကို သားအရင်းလေးလိုကိုဖြစ်လို့   အသက် ၂၀ အရွယ်မှာ jeon ပါပါးက appa နဲ့ omma တို့ပိုင်တဲ့အမွေတွေအားလုံးကို ထယ်ယောင်းနာမည်နဲ့ လွှဲပေးခဲ့ပေမဲ့ ထယ်ယောင်းကတော့ ထိုအမွေအနှစ်တွေထက်    ဒီမိသားစုလေးကိုသာ ပိုမိုလိုချင်တာမို့   ဒီမိသားစုနဲ့အတူရှိနေမို့ဘဲ ရွေးချယ်ဖြစ်ခဲ့တယ်လေ 

       တကယ်ကို  appa တို့ရဲ့ ဇာပနပွဲမှာပြောခဲ့သလိုဘဲ jeon ပါပါးနဲ့မာမားက.  ထယ့်ဘဝထဲမှာ appa နဲ့ omma ရဲ့နေရာကိုအစားဝင်ပေးခဲ့တယ်လေ   ဘယ်တုံးပမှ ငါ့မိဘတွေရှိနေသေးရင် ပိုကောင်းမှာလို့  တွေးရလောက်အောင်ထိ  ကွာခြားမှု မရှိစေခဲ့ဘူး   အမြဲတမ်းသားအရင်းလိုဘဲ ကြွေးမွေးပြုစုစောင့်ရှောက်ပေးခဲ့တာ   အဲ့ဒါတွေကြောင့်လဲ ကျွန်တော်က ဒီမိသားစုကို ကမ္ဘာပေါ်မှာ ရှိရှိသမျှ အရာအားလုံးထက်ပိုပြီး ခင်တွယ်ရတာပေါ့

     အမှန်တိုင်းဝန်ခံရရင်   ကင်မ်ထယ်ယောင်းဆိုတဲ့ ကျွန်တော် အခင်တွယ်ရဆုံး မိသားစုဝင်ကတော့  တလောကလုံးမှာ ချစ်စရာအကောင်းဆုံး  ကျွန်တော့်ရဲ့ အသဲနှလုံး  ဂျွန်ပိစိလေးပေါ့ဗျာ   ၅ နှစ်ဆိုတဲ့အရွယ်ကစလို့  ကျွန်တော့်လက်ပေါ်ကြီးပြင်းလာခဲ့တဲ့ ကလေးလေးက အခုဆို အသက် ၁၅ နှစ်ပြည့်ပြီး လူပျိုပေါက်အရွယ်တောင်ရောက်နေရောပေါ့    အချိန်တွေက ကုန်တာ မြန်လွန်းလိုက်တာ    ဒါပေမဲ့လဲ kookie လေးက ကိုကို့အတွက်တော့ အမြဲတမ်းကိုကို့ရဲ့ အသဲအသက်  ပူတူတူးလေးပါဘဲ

My Little Brother(Complete) Where stories live. Discover now