ep 29

852 62 34
                                    

kookie တစ်ယောက် အားလပ်ရက် ငါးရက်ကို အကြိုးရှိရှိအသုံးချနေသည် ပထမရက်ကို မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းဖြစ်သူ ရီဂျောင်း  ဂျီဟိုတို့နဲ့အတူ ပျော်ပျော်ပါးပါး လျှောက်လည်ရင်းကုန်ဆုံးလိုက်သည် 

   ဒုတိယရက်ကိုတော့ ကျောင်းကဆရာဆရာမတွေဆီအလည်သွားပြီး ကျောင်းအတွက်လိုအပ်တဲ့အလှူငွေလေးကို ကိုယ့်လုပ်အားခကနေရထားတဲ့ ပိုက်ဆံလေးနဲ့ထည့်ခဲ့သည် ညနေဘက်ကျတော့ ရပ်ကွက် ထဲက ကစားဖော်ကစားဖက်ကလေးတွေနဲ့ လမ်းထိပ်မှာ ဘော်လုံးကန်လိုက်သေး 

    တတိယမြောက်ရက်ကိုတော့ kookie ဘာပလန်မှ မရှိ ဘာလို့ဆိုမမကိုဆေးခန်းလိုက်ပို့ပေးရမည်  ဒီနေ့မမက ဆေးရုံရက်ချိန်းတော့မဟုတ်ပေမဲ့ ဒီရက်ပိုင်းသမီးလေးက အရမ်းတိုးနေတာမို့ကလေးအနေထား မှန်မမှန်စစ်ဆေးရန် ဆရာဝန်က ခေါ်ထားချင်းဖြစ်သည် 

   ကိုကိုကလဲဒီနေ့ အရေးကြီးအစည်းဝေးရှိနေတာမို့ ဖျက်မရဘဲ သူတို့ တိုင်ပတ်နေကြသည် ဒါ့ကြောင့် kookie ကဘဲ မမကိုဆေးရုံလိုက်ပို့ပေးရန် တာဝန်ယူလိုက်တော့သည်

     အစကတော့ မမကို  ကျွန်တော့်ဘဝထဲကနေကိုကို့ကိုဆွဲထုတ်သွားတဲ့လူမို့ အနည်းငယ်ကြည့်မရခဲ့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ မမကိုကျွန်တော် စိတ်မစိုးတော့ပါ တကယ်ဆို မမကသနားစရာတောင်ကောင်းပါသေးတယ်  ကိုကိုက မမကိုမချစ်ဘဲ မိဘတွေကြောင့်လက်ထက်ခဲ့ရတာလေ ဒီကြားထဲ kookie ကြောင့်ပါ ကိုကိုက မမကိုလက်ထက်ပြီး ၃ နှစ်လောက်ထိ အတူမနေခဲ့ဘူးတဲ့  ဘာလို့ဆို သူတို့မင်ဂလာဦးညတုံးက kookie က ကိုကို့ကိုမမနဲ့အတူရှိနေတာမြင်ရရင် နာကျင်ရတယ်လို့ ပြောခဲ့လို့တဲ့လေ

    တရားဝင်လက်ထပ်ထားတဲ့ ယောကျာ်းဆီကနေ အချစ်တွေမရခဲ့တဲ့ မမက သိပ်ကိုသနားစရာကောင်းပါတယ် အဲ့လိူတွေဖြစ်ခဲ့တာတောင် မမက kookie နဲ့ ကိုကို့အပေါ် တစ်ခါမှ ငြိုငြင်တာမျိုးမရှိခဲ့ဖူး ဒါကြောင့် kookie မမကိုစိတ်မစိုးတော့မို့ဆုံးဖြတ်ထားတာပေါ့  ပြီးတော့အခုဆိုရင် မမက ကိုကို့ရဲ့ရင်သွေးလေးကိုလွယ်ထားရပြီ  ကိုကိုအရမ်းလိုချင်တပ်မက်ခဲ့တဲ့ မိသားစုဘဝလေးကိုမမက ဖန်တီးပေးနိုင်တော့မှာ  kookie မမကိုအရမ်းကျေးဇူးတင်တာဘဲ

My Little Brother(Complete) Where stories live. Discover now