ep 25

859 63 30
                                    

မင်ဂလာပွဲ ပြီးလို့ အိမ်ပြန်လာတော့ ခြံရှေ့မှာ အရင်လိုဝေဝေဆာဆာမရှိဘဲ ပန်းတစ်ပွင့်မှ ရှိမနေတော့တဲ့ ပန်းခင်းကြီးက စီးကြိုတော့ ထယ်ယောင်းတကယ်ကိုဝမ်းနည်းရသည် ဒီအိမ်ကြီးထဲမှာ kookie appa နဲ့ omma ပြီးရင်သူသဘောအကြဆုံးက ဒီပန်းခင်းကြီးဘဲလေ ပြီးတော့ ကလေးငယ်နဲ့အတူ အမှတ်တရတွေလဲ ဒီပန်းခင်းထဲရှိခဲ့ဖူးတာမို့ ထယ်ယောင်းပိုလို့ပင် စိတ်မကောင်းဖြစ်မိသည်

ထယ်ယောင်းတို့ရဲ့ မင်ဂလာပွဲက ညပွဲ ဖြစ်တာမို့ ပွဲသိမ်းပြီးအိမ်ပြန်ရောက်တော့ အချိန်ကအတော်လေး လင့်နေပြီ ဒါကြောင့် ဒီအိမ်မှာသာ အိပ်သွားရန် omma ကပြောတာကြောင့် ကျွန်တော်တို့လဲ မငြင်းမိတော့ပါ ထယ့်ရဲ့အခန်းထဲမှာဘဲ ဒီညအိပ်လိုက်ရန် omma ကပြင်ဆင်ပေးသည်

အိမ်ရောက်တော့ လူကြီးမိဘတွေနဲ့ ဧည့်သည်တစ်ချို့ကိုနှုတ်ဆက်ပြီး နာဘီက အဝတ်စားလဲရန် အခန်းထဲကိုသွားလိုက်သည် ထယ်ယောင်းကတော့ သူ့သူငယ်ချင်းတွေ မပြန်သေးတာမို့စကားပြောရင်း အောက်ထက်မှာ ကျန်ခဲ့တာပေါ့

သူငယ်ချင်းတွေက ထယ်ယောင်းရဲ့လူပျိုနောက်ဆုံးညအတွက် တစ်ဝိုင်းလိုက်တိုက်ရန် အတင်းတောင်းဆိုပေမဲ့ ညနက်ပိုင်း အပြင်ထွက်လေ့မရှိတဲ့ ထယ်​ယောင်းကတော့ အိမ်မှာသာ ဧည့်ခံမည်ဟုဆိုကာ အိမ်ခေါ်လာခြင်းဖြစ်သည်

appa တို့ကလဲ အရမ်းကြီးမသောင်းကျန်းရန်သာမှာပြီး အိမ်မှာ သောက်ရန်ခွင့်ပြုတာမို့ appa ကိုလက်ဆောင်ပေးထားတဲ့ နာမည်ကြီး အရက်တွေ နှစ်ချို့ဝိုင်တွေနဲ့အတူ ဘီယာ အနည်းငယ်ပါဝယ်ပြီး ဟိုကောင်တွေကို ထယ်​ယောင်းဧည့်ခံလိုက်သည် အမြည်းအတွက် အကျော်အလော်လေးတွေကိုတော့ အိမ်အကူ အဒေါ်ကြီးကို စီစဥ်ခိုင်းရတာပေါ့

အားလုံးလုပ်ခိုင်းစရာရှိတာတွေ လုပ်ခိုင်းပြီးနောက်မှာတော့ ထယ်ယောင်းလဲအဝတ်စားလဲချင်တာကြောင့် အပေါ်တတ်လာခဲ့လိုက်သည် အခန်းထဲရောက်တော့ နာဘီက. အင်ကျီလဲနေပြီး ဇစ်ဆွဲရတာ အခက်ခဲ ဖြစ်နေတယ်ထင်ပါရဲ့ ကျောလည်လောက်မှာ ဇစ်ကတစ်နေသည်

ထယ်​ယောင်းလဲ တံခါးဖွင့်ပြီးမှ ထို​မြင်ကွင်းကိုတွေ့လိုက်တော့ အပြင်ပြန်ထွက်ရမလို အထဲဘဲဝင်ရမလိုဖြစ်နေရသည် သူမေ့သွားခဲ့တာဘဲ ဒီအခန်းထဲမှာ သူမရှိနေမယ်ဆိုတာကို အရင်လို ကိုယ့်အခန်းဘဲဆိုပြီးတံခါးမခေါက်လိုက်မိတာ အခုတော့ ဟူး

My Little Brother(Complete) Where stories live. Discover now