ep 20

765 54 17
                                    

   ထယ်ယောင်း ကုမ္ပဏီကနေ အနည်းငယ်စောပြန်လာပြီး kookie ရဲ့ကျူရှင်ကို ဝင်ခဲ့လိုက်သည်အကြောင်းအရင်းကတော့ မနက်က yoonjoon နဲ့ minho တို့က ကလေးငယ်အကြောင်းပြောဆရာရှိလို​့ ခဏလာခဲ့ပါဟုဖုန်းဆက်ထားခြင်းကြောင့်ပင်  ပြီးတော့ သူတို့ကိုလဲ ထယ်ယောင်းစေ့စပ်ပွဲအတွက်ဖိတ်စရာရှိတာမို့  ဒီနေ့ဘဲ သွားလိုက်သည်

     ထယ်ယောင်းရောက်သွားတော့ yoonjoon က စာသင်ချိန်ပြီးပြီမို့အောက်ထက်မှာထိုင်နေပြီး minho ကတော့ ကလေးတွေကို အပေါ်ထက်မှာစာပြနေသေးတယ်တဲ့လေ

yj: ကယ် လာသူငယ်ချင်းထိုင်

tae: အေး   ပြောပါအုံးသူငယ်ချင်း kookie လေးအကြောင်းပြောမယ်ဆို ကလေးကဘာဖြစ်လို့လဲ ပြသနာတစ်ခုခုဖြစ်လို့လား

yj: အေးကွာ  ငါလဲ အစကတော့ ပြောသင့်မပြောသင့် စဥ်းစားနေတာ ဒါပေမဲ့အခုက မပြောမဖြစ်တော့လို့  မင်းကိုခေါ်ပြောတာ

tae: ဟမ် ဘာများလဲကွ

yj: kookie ဒီရက်ပိုင်းတွေ စာထဲကို အာရုံမရောက်ဘူးကွ  စာသင်ချိန်တွေဆိုလဲ အမြဲငေးငေး ငိုင်ငိုင်နဲ့ အရင်လိုစိတ်ဝင်တစားမရှိဘူး ပြီးတော့ ကလေးက အရင်လိုတတ်တတ်ကြွကြွ လမ်းလမ်းစမ်းစမ်းလဲ မရှိဘူးကွ  အမြဲ မပျော်ရွှင်နေသလိုဘဲ မင်းတို့အိမ်မှာများ ကလေးးနဲ့ ပြသနာဖြစ်ထားကြသေးလား  အခုလိုဖြစ်နေတာ ၂ ပတ်ကျော်လောက်ရှိနေပြီဆိုပေမဲ့ အစကတော့ မင်းတို့အိမ်တွင်းရေးမို့ ငါက မမေးခဲ့တာ  နောက်ဆိုအဆင်ပြေသွားမှာပါလို့ တွေးပြီးထားလိုက်တာ ဒါပေမဲ့အခုတော့ ဒီကိစ္စက kookie ရဲ့ ပညာရေးကိုထိခိုက် လာနိုင်မှာကို ဆိုးရိမ်နေရပြီ

     ဒီမှာကြည့် ဒါဒီတစ်ခေါက် ကျူရှင်မှာ နှစ်ပတ်တစ်ခါစစ်တဲ့ စာမေးပွဲက်ို kookie ဖြေထားတဲ့အဖြေလွှာစာရွက်တွေ

  ထယ်ယောင်း လဲ yoonjoon ပေးတဲ့စာရွက်တွေကို ယူကြည့်တော့ ကလေးဖြေထားတာတွေက တော်တော်များများ အမှားတွေ တစ်ချို့ဘာသာတွေဆို အောင်မှတ်တောင်မရဘူး

yj: kookie က ဒီ ကျူရှင်ကိုစရောက်ထဲက အဲ့လိုအဖြေလွှာမျိုးတစ်ခါမှမထွက်သေးဘူး ထယ်ယောင်း ဒါက ပထမဆုံးအကြိမ်ဘဲ  ဒီပုံစံနဲ့ဆို သူဒီတစ်ခါလာမဲ့ စာမေးပွဲက်ို ဘယ်လိုမှအောင်မှာမဟုတ်ဘူး ဒါကြောင့် ငါပြောချင်တာက. အိမ်မှာဘဲ ဖြစ်ဖြစ်တစ်ခြားနေရာမှာဘဲ ဖြစ်ဖြစ် ကလေးစိတ်အနှောင့်ယှက်ဖြစ်နေတဲ့အကြောင်းအရာမျိုးတွေရှိရင် မင်းတို့ဘက်က ဂရုစိုက်ပေးလိုက်ပါ 

My Little Brother(Complete) Where stories live. Discover now