ep 19

655 51 12
                                    

kookie ဘယ်လောက်ဘဲ သဘောထားကြီးပေးမယ်လို့တွေးထားတွေးထား ကိုကိုတို့မင်ဂလာပွဲကို နောက်လထဲစီစဥ်မယ်လို့ appa ကအတည်ပြုလိုက်ထဲက kookie မပျော်နိုင်ပါ

    kookie ဘဝရဲ့အချစ်ဦးကော နောက်ဆုံးအချစ်ကောဖြစ်တဲ့ ကိုကို့ကို ဆုံးရှုံးရမယ်ဆိုတဲ့ စိတ်ကြီးက kookie ကိုအချိန်ပြည့် နာ​ကျင်မှုတွေနဲ့ ထိုးနှက်နေသည် ဘယ်လိုနည်းနဲ့မှ kookie ကိုကို့ကို အဆုံးရှုံး ချင်ဘူး ဟင့်အင်းအဆုံးရှုံးမခံနိုင်ဘူး 

yj: ကျောင်းသား jungkook ဒီစာကို အရှေ့ထွက်ပြီးလာရှင်းပြပါ 

    kookie တစ်ယောက်ဒီရက်ပိုင်းစိတ်နဲ့လူနဲ့ မကပ်တာဘဲ အချိန်ပြည့်ကိုကို့အကြောင်းသာတွေးနေမိသည် အခုလဲ ဆရာ yoonjoon စာပြနေတာကို သေချာလိုက်မကြည့်မိ အခုဆရာက ထွက်ပြီးရှင်းခိုင်းတော့ သေပြီလေ kookie မှလိုက်မကြည့်ထားတာ ဘယ်လိုလုပ် ရှင်းပြတတ်မှာလဲ

kook: ဟို   ဟိုလေ ဆရာ  ကျွန်တော် မရှင်းပြတတ်ဘူး 

yj:  ဆရာရှင်းပြနေတုံးက မင်းအတွေးတွေဘယ်ကိုရောက်နေလို့  မရှင်းပြတတ်ရတာလဲ

kook:  တောင်းပန်ပါတယ် ဆရာ ကျွန်တော် အာရုံနည်းနည်းလွင့်သွားလို့ပါ

yj: ကောင်းပြီး နားရွက်ကိုဆွဲ ပြီးဒီရှေ့မှာ ထိုင်ထအခေါက် ၅၀ လုပ် ပါးစပ်ကနေလဲနောက်တစ်ခါ စာသင်ရင် သေချာလိုက်နားထောင်ပါ့မယ်လို့ပြောရမယ်  ကယ်စလုပ်တော့

kook: ဗျာ  ဟုတ်   ဟုတ်ကဲ့

     kookie လေးလဲသူ့ဆရာပြောတဲ့အတိုင်း အတန်းရှေ့မှာ နားရွက်ဆွဲ ထိုင်ထလုပ်ရင်း တစ်ခေါက်ပြီးတိုင်းလဲ နောက်ဆိုစာသင်ရင် သေချာလိုက်နားထောင်ပါ့မယ်ဟု ရေရွတ်နေရသည် ဟွန့်ဆရာ yoonjoon ကတကယ့်ကိုအကျင့်ပုတ်  အတန်းရှေ့ကြီးမှာမို့ kookie နည်းနည်းတော့ ရှက်ပေမဲ့လဲ  ကိုယ့်အပစ်နဲ့ကိုယ်မို့ သူပြောတဲ့အတိုင်း လုပ်ရတော့တာပေါ့   အခေါက် ၃၀ လောက်အရောက်မှာတင် kookie အသက်ထွက်တော့မလို ခံစားနေရသည် 

   မောလိုက်တာ ဒီတိုင်းတောင်မောရတဲ့ ကြားထဲ ပါးစပ်ကလဲအစပ်မပျက် ရေရွတ်နေရသေးတော့ ပိုမောတာပေါ့ ခြေထောက်တွေကလဲ ညောင်းလွန်းလို့ တုန်တောင် တုန်နေပြီ

My Little Brother(Complete) Where stories live. Discover now