ep 9

770 67 12
                                    

kookie တစ်ယောက် ကုမ္ပဏီထဲဝင်ကာ စက်ဘီးရပ်တဲ့နေရာမှာ စက်ဘီးလေးရပ်ပြီး သူကတော့ အပေါ်ထက်က သူ့ကိုကိုအခန်းကိုတတ်သွားလိုက်သည်  ဒု ceo ဖြစ်တဲ့ ကိုကို့ရဲ့အခန်းကို တခြားသူတွေ လက်လွှတ်စပယ် ဝင်လို့မရပေမဲ့ kookie ကတော့ တံခါးမရှိဓားမရှိပါ  တံခါးခေါက်ပြီးမှဝင်ပါဆိုတဲ့ ကိုကို့အခန်း ​ရှေ့ကဆိုင်းပုဒ်လေးက kookie အတွက်မဟုတ်ဘူးလေ

kook: ကိုကိုရေ

   kookie လေးတံခါးကိုဖွင့်ပြီးဝင်လိုက်တာနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းက လူသတ်ချင်စရာ ကိုကို့ရဲ့အတွင်းရေးမှူး မမက ကိုကို့အနားကိုရောက်နေပြီး ကိုကို့ရင်ဘတ်ပေါ်မှာ သူ့ရဲ့ လက်တွေကရောက်နေတယ်လေ

tae: aww kookie လာလေ ကလေး

လွန်ခဲ့တဲ့ ၅ မိနစ်ခန့်က ထယ်ခေါင်းမကြည်ဖြစ်နေတာမို့ အတွင်းရေးမှူးမလေးကိုကော်ဖီဖျော်ပြီးလာပို့ခိုင်းလိုက်တာလေ သူမလာပို့တဲ့ကော်ဖီလေးကို စားပွဲပေါ်တင်ရင်း မှားနေတဲ့ ဖိုင်လေးကို ပြင်ရန်သူမကိုပြပြီးပေးလိုက်သည် ပြီးတော့ ထယ်လက်ပြန်ရုတ်လိုက်တဲ့ အချိန် ထယ့်လက်နဲ့ကော်ဖီခွက်ကို တိုက်မိကာ ကော်ဖီတွေထယ့်အပေါ် ဖိတ်ကြကုန်တော့ သူမက တီရှူးယူကာ လာသုပ်ပေးနေလေရဲ့

    ထိုအချိန်တံခါးဖွင့်ပြီးဝင်လာတဲ့ ကလေးငယ်က တံခါးဝကနေ အရှေ့ဆက်မတိုးလာဘဲ ကျွန်တော့်နားကသူမကို ဝါးစားမတတ်စိုက်ကြည့်နေသည်အခါကျွန်တော်ပင် ကြောင်သွားရသည် ကလေးငယ်ဝင်လာသည်မို့ သူမကလဲ အနေထိုင် ဆင်ခြင်တဲ့သဘောဖြင့် အနောက်ဆုတ်သွားရှာပါသေး

ဒါပေမဲ့သိပ်ဆိုးလွန်းတဲ့ကလေးငယ်လေးကတော့  နဂါးတစ်ကောင်လို အမောက်ထောင်လျှက် ကျွန်တော့်အနားလာကာ သူမကိုမျက်စောင်းထိုးလိုက်ပြီး တီရှူးတွေကို သူကိုယ်တိုင်ထုတ်လိုက်ကာ

kook:ကိုကို ကော်ဖီတွေကဘယ်လိုလုပ်မှောက်သွားရတာလဲ

tae: ဟုတ်တယ်ကလေးရယ် ကိုကို့လက်နဲ့တိုက်မိသွားတာ

kook: ကိုကိုကလဲနောက်ဆို ဂကုစိုက်ပါ အပူကော လောင်သွားသေးလား

tae: အပူတော့မလောင်ပါဘူး kookie ရယ် ကော်ဖီက နည်းနည်းအေးနေပြီ

kook: aww

My Little Brother(Complete) Where stories live. Discover now