ep 11

664 58 6
                                    

   tae:  kookie လေးရေ   ဟောဗျာ အိပ်ယာကတောင်မထသေးဘူး ကိုကို့ကလေးကတော့ကွာ တကယ့်ကိုအပျင်းအိုးလေး

    ထယ်ယောင်း ကလေးကို ကျူရှင်လိုက်အပ်ပေးရန် ကုမ္ပဏီ ကိုပင်နောက်ကြမှ လာနိုင်မည်ဟု လှမ်းပြောကာ ကလေးငယ်ကို လာခေါ်တော့ ကိုတော်ချောက ခုထိ အိပ်ယာထဲမှာ အိမ်မက်မက်လို့ကောင်းတုံး

ခြုံထားတဲ့စောင်လေးကို ဆွဲချပြီး အိပ်ယာပေါ်တတ်ကာ ကလေးငယ်ကိုနိုးရန်ပြင်တော့ အိပ်ထားလို့ဖောင်းအစ်နေတဲ့ မျက်လုံးလေးတွေ ဂျောင်ကွတ်ကီးရဲ့ ဟိုးငယ်ငယ်ထဲက မူပိုင် ပါးဖောင်းလေးတွေနဲ့သူ့ကိုအိပ်ရေးပျက်အောင်လုပ်လို့ အနည်းငယ်ဆူထွက်နေတဲ့ နှုတ်ခမ်းပါးလေးတွေကို ထယ်ယောင်း ၅ မိနစ်လောက်ငေးကြည့်မိလေရဲ့

    ကလေးငယ်က ငယ်ငယ်တုံးကအတိုင်းဘဲ ဘားမှကိုမပြောင်းလဲဘဲ ချစ်မို့ကောင်းနေဆဲ ဒါပေမဲ့  ကိုကိုကတော့ ပြောင်းလဲတတ်နေပြီထင်ပါတယ် kookie ရယ်  ကိုကိုလေ လွန်ခဲ့တဲ့ ၁ နှစ်လောက်ထဲက kookie အပေါ် အရောင်တွေဆိုးမိနေပြီ  kookie ရဲ့ပြုမှုနေကြ အထိအတွေ့ အပြုအမှုလေးတွေကိုတောင် ကိုကိုရင်ခုံတတ်ခဲ့လာတယ် ကလေးငယ်   ကိုကိုအဲ့ ဒီ့ရင်ခုန်သံတွေကို ထိန်းချုပ်မို့ အများကြီးကြိုးစားခဲ့ပါသေးတယ်

    ကိုကို့အာရုံတွေကိုလဲ kookie ဆီဘဲရောက်မနေအောင် ကုမ္ပဏီ ဘက်ကိုလှည့်ထားတယ် ပြီးတော့ တခြားလူတွေအများကြီးနဲ့လဲ အရောဝင် ဆက်ဆံကြည့်သေးတယ် ဒါပေမဲ့ ကလေးငယ်ကိုရင်ခုန်သလိုမျိုး ကိုကိုဘယ်သူ့ကိုမှ ရင်မခုန်ခဲ့ဖူးဘူး   သေချာတာတစ်ခုကတော့ ကိုကို့ရဲ့အချစ်တွေက kookie အပေါ် ဖြူစင်တဲ့ ၅၂၈ ထက်ပိုနေခဲ့ပြီး အရောင်အဆင်းတွေ ပါဝင်ရောယှက်နေတဲ့ ၁၅၀၀ ဘက်ကို ကူးပြောင်းခဲ့ပြီ

      ဒါပေမဲ့ ကိုကိုကတော့ အဲ့အချစ်တွေကို ဘယ်တော့မှ ထုတ်ပြမှာမဟုတ်ပါဘူး အလောကလုံးအတွက်ကော တစ်သက်လုံးအတွက်ပါ ကိုကိုတို့က ညီကိုတွေအဖြစ် ရှိနေကြမယ်နော်  

kook: အား ကိုကိုရာ အစောကြီးရှိသေးတာကို

   ထယ်​ယောင်းရဲ့အတွေးတွေက အိပ်ယာပေါ်က အိပ်ချင်မူးတူးနဲ့ပြန်ဖြေလာတဲ့ ကလေးရဲ့အသံကြောင့်   ပျက်သွားရသည်

My Little Brother(Complete) Where stories live. Discover now