ep 32(final)

1.3K 56 15
                                    

kookie တစ်ယောက် ကိုကိုနဲ့လက်ထက်မဲ့ကိစ္စကို live လွှင့်ပြီးပြောချလိုက်တာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ ထိုသတင်းကအတော်ကိုပင် ဂရက်ထသွားရသည် တစ်ချို့တွေကလဲ လက်ခံပေးသလို တစ်ချို့တွေကလဲ လက်မခံဘဲ အမျိုးမျိုး တိုက်ခိုက်ပြောဆိုကြသည် ဒါပေမဲ့ kookie စိတ်ကို တင်းထားလိုက်သည် ပြီးတော့ အရာအားလုံးကိုလဲ ရင်ဆိုင်မို့ အသင့်ပြင်ရင်းပေါ့

အခုဆို ပြသနာတစ်ခုခုဖြစ်ရင် kookie တစ်ယောက်ထဲမဟုတ်တော့ဘဲ ဘေးမှာ ကိုကိုနဲ့သမီးဒေစီလေးပါရှိနေပေးတာကြောင့် kookie ဘယ်အရာကိုမှ မကြောက်တော့ပါ ဒါပေမဲ့ hyung တို့နဲ့ pd nim ကိုတော့ kookie တကယ်အားနာမိပါသည် pd nim ဆိုရင်လဲ kookie တို့ကိုယုံယုံကြည်ကြည်နဲ့ ထောက်ပံ့ပေးခဲ့တာလေ အခုလဲ hyung တို့တွေ kookie ဆီ လာကြမယ်ပြောတယ် ဒါကြောင့် သမီးလေးကို နို့ဖျော်တိုက်ပြီး သိပ်ထားကာ ပုခက်လေးထဲ ထည့်လွှဲရင်း hyung တို့အလာကို စောင့်နေလိုက်သည်

nj: kookie ရေ kookie

အောက်ထက်ကနေ အော်ခေါ်သံကြားရတော့ kookie လဲ သမီးကို အဒေါ်ကြီးကိုဆက်လွှဲ ခိုင်းကာအောက်ဆင်းလာလိုက်သည် hyung တို့နဲ့ omma က ဧည့်ခန်းမှာ ထိုင်စကားပြောနေပြီး ကိုကိုလဲ ရှိနေခဲ့တာပေါ့ kookie လဲ ကိုကို့ဘေးဝင်ထိုင်လိုက်ကာ ကိုယ်က အပစ်လုပ်ထားသူမို့ သူတို့နဲ့မျက်နှာချင်းမဆိူင်ရဲ ဖြစ်ကာ ခေါင်းငုံ့လျှက်

kook: hyung တို့ kookie ကိုဘာပြောစရာရှိလို့လဲ

yg: မင်းကိုမင်း သိပ် အရွယ်ရောက်လာပြီထင်နေတယ်ပေါ့ ဟုတ်လား jungkook အေးမင်းဟာမင်းအသက်ဘယ်လောက်ဖြစ်ဖြစ် ငါတို့မျက်စိထဲမှာတော့ မင်းကမနေ့တနေ့က ငါတို့လမ်းမှာ ကားနဲ့တိုက်မိမလိုဖြစ်ခဲ့တဲ့ ကလေးပေါက်စလေးဘဲ မင်းကငါတို့ကို အဖွဲ့ထဲကထွက်မဲ့ကိစ္စကို တိုင်တောင်မတိုင်ပင်ဘဲ ကိုယ့်ဟာကို ဆုံးဖြတ်ချက်ချလိုက်တယ်ပေါ့ ငါတိူ့ကို မင်းရဲ့အကိုတွေလို့ အသက်မှတ်တော့တာလား ဟမ်

kook: မဟုတ် ဟင့် မဟုတ်ပါဘူး hyung. kookie လေ kookie hyung တို့ကိုမလေးမစားလုပ်တာမဟုတ်ပါဘူး kookie က kookie ရဲ့ ဆုံးဖြတ်ချက်ကြောင့် အဖွဲ့ကိုထိခိုက်မှာဆိုးလို့ ထွက်ပေးမယ်လို့ ပြောလိုက်ရုံပါ kookie ကိုအထင်မလွဲပါနဲ့နော် hyung တို့က အမြဲ kookie ရဲ့သွေးသားအရင်းအချာတွေလို ချစ်ခင်ရတဲ့ လူတွေပါ ဟင့် kookie တောင်းပန်ပါတယ်

My Little Brother(Complete) Where stories live. Discover now