ep 18

671 58 15
                                    

jungkookie တစ်ယောက် ဟန်မြစ်ဘေးမှာ တစ်နာရီကျော်လောက် ထိုင်ငိုပြီး နေဝင်ခါနီးအချိန်မှဘဲ အိမ်ကိုပြန်လာလိုက်သည် အိမ်ရောက်တော့  ဟိုမမတို့မိသားစုတွေလာမှာမို့ အလုပ်ရှုပ်နေကြတဲ့ ပါးနဲ့မား  ကိုကို့ ကိုတော့မတွေ့ရ ဟွန့် သူလဲ ပြင်ဆင်နေတယ်ထင်ပါရဲ့

     kookie တစ်ယောက်လဲ စိတ်ပျက်လက်ပျက် နှင့်သူ့အခန်းထဲသာ ဝင်လာလိုက်သည်  သူ့အခန်းထဲရောက်တော့ သူ့ရဲ့ကုတင်ပေါ်မှာ တင်ထားတဲ့ ဂစ်တာအိတ်လေးကြောင့် ကိုကိုသူ့အခန်းထဲ လာထားသွားတာ သိလိုက်လေပြီ  အိတ်လေးကိုဖွင့်ကာ အထဲက ဂစ်တာလေးကိုကြည့်မိတော့ kookie အံသြရပြန်သည်  ဒါက ဟိုတစ်ခါ တုံးက kookie တို့ဆိုင်မှာဝင်ကြည့်ခဲ့တဲ့ ဂစ်တာလေးဘဲ

        kookie ရဲ့ နာမည်လေးတောင် ထိုးပေးထားသေး  ဒီလက်ဆောင်လေးကိုသာ kookie တစ်ခြားအချိန်မှာရခဲ့ရင် အရမ်းပျော်မိမှာပါ ကိုကိုရယ် ဒါပေမဲ့အခုတော့ kookie မပျောနိုင်ဘူး ကိုကို   kookie ရင်ထဲမှာ အရမ်းကို နာကျင်နေရတယ်ဗျာ 

       ဘာလို့ ကိုကိုက kookie ရဲ့အချစ်တွေကိုမြင်အောင်မကြည့်ပေးနိုင်ရတာလဲ   ကိုကိုက မမြင်လို့ kookie ဘက်က ထုတ်ပြောပြပြန်တော့လဲ စိတ်ကစားတာဆိုပြီး လစ်လျူရှုတယ်  ကိုကိုသိပ်ရက်စက်တယ်ဗျာ    ချစ်တတ်အောင် သင်ပေးခဲ့ ပြီးမှ အဲ့အချစ်တွေကို ရိုက်ချိုးပစ်တယ် ကိုကိုတကယ်ကို မကောင်းတဲ့လူကြီး    အီးဟီး kookie တစ်ယောက် ကိုကိုပေးတဲ့ ဂစ်တာလေးကိုပိုက်ပြီး ထိန်းချုပ်မရတဲ့မျက်ရည်တွေကို နောက်ထက်တစ်ခါ စီးကြခွင့်ပေးလိုက်သည်

mrs jeon: သားငယ်ရေ

       ထိုအချိန် omma ကအခန်းထဲဝင်လာတာမို့ kookie မျက်ရည်တွေကို အမြန်သုတ်လိုက်ပေမဲ့ မျက်စိလျှင်တဲ့ omma ကတော့ ကျွန်တော်ငိုနေတာကို တွေ့ဖြစ်အောင်တွေ့သွားပါသေး

mrs jeon:  သားငယ်  မားရဲ့သားငယ်က ဘာလို့ငိုနေရတာလဲ ဘာလဲ ကိုကို့ကို သူများလက်ထဲ ထည့်ပေးလိုက်ရတော့မှာမို့လို့လား

     မားက kookie က ကိုကို့ကို အကိုတစ်ယောက်ကို နှမျောနေလို့ ငိုတယ်ထင်ပေမဲ့ တကယ် တမ်း kookie ဖြစ်နေတာက kookie ရဲ့အကိုကိုမဟုတ်ဘဲ kookie နှလုံးသားကို သူများလက်ထဲထည့်ပေးလိုက်ရမှာမို့ ဝမ်းနည်းနေတာပါလို့ ပြောရင်ကော မားဘက်က ဘယ်လိုတုံးပြန်မလဲ ဟင် 

My Little Brother(Complete) Where stories live. Discover now